ဈေးကွက်ကောင်း၊ ဈေးနှုန်းကောင်း ရရှိနေသည့် ရွှေပဲ ဈေးကွက်

Powered by Drupal

    ကုန်စိမ်းသီးနှံ အမယ်စုံထွက်ရှိသည့် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ အောင်ပန်းဒေသတွင် ရွှေပဲသီးနှံအထွက်နှုန်း လျော့နည်းလာချိန်ဟု သိရှိရပါသည်။ရွှေပဲသီးနှံကို တစ်နှစ်ပတ်လုံး စိုက်ပျိုးသော်လည်း မိုးရာသီကုန်ဆုံးချိန်ဖြစ်သည့် အောက်တိုဘာလနှင့် နိုဝင်ဘာလတို့တွင်ပို၍ စိုက်ပျိုးပါက အကောင်းဆုံးအချိန်ဖြစ်၍ သီးနှံအထွက်များပြီး အသီးလှပါသည်။နွေရာသီမှာစိုက်ပျိုးသည့် ရွှေပဲပင်မှ ထွက်လာသည့် အသီးမှာလှီကင်း၍ တစ်ပတ်ကို ၅ပိဿာကျော်ကျော်ခန့်သာ ဆွတ်ခူးရရှိသဖြင့် ဈေးကွက်ဝင်ရောက်မှု နည်းပါးလာကာ တစ်ပိဿာလျှင် အမြင့်ဈေး (၁၂၀၀၀)ကျပ် ထိမြင့်တက်လာ ကြောင်းကို ဈေးကွက်အတွင်းမှ လေ့လာသိရှိရပါသည်။

DOCA(ရှမ်း)