![](http://www.doca.gov.mm/sites/default/files/styles/consumer_inner_image__847x424_/public/2.10_1.jpg?itok=yJnuQF5V)
၂၇.၈.၂၀၂၄ ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ ဘီးလင်းမြို့နယ်တာဝန်ခံရုံးမှ ဝန်ထမ်းများသည် ဘီးလင်းမြို့၊ ဘိုးရာဇာရပ်ကွက်၊ မင်္ဂလာဈေးအတွင်းရှိ ဆန်ဆိုင်များအား ဆန်ဈေးနှုန်းမြှင့်တင်ရောင်းချရန်အလို့ငှာ သိုလှောင်ခြင်းရှိ/မရှိ၊ ရောင်းချဖြန့်ဖြူးခြင်း၊ ဈေးနှုန်းအဆမတန်မြှင့်တင်ရောင်းချခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် မင်္ဂလာဈေးအတွင်းရှိ ဆန်ဆိုင်များတွင် ဈေးနှုန်း မြှင့်တင်ရောင်းချမှုအတွက် သိုလှောင်ခြင်း၊ ဖြန်းဖြူးရောင်းချခြင်းများမရှိကြောင်း တွေ့ရှိရသည်။
DOCA(မွန်)