၂၇.၈.၂၀၂၄ ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ မော်လမြိုင်မြို့နယ်တာဝန်ခံသည် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မူးယစ်တပ်ဖွဲ့၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ အကောက်ခွန်ဦးစီးဌာန၊ စစ်ဖက်ရေးရာလုံခြုံရေးအဖွဲ့တို့ ပါဝင်သော ပူးပေါင်းအဖွဲ့နှင့်အတူ မော်လမြိုင်မြို့၊ အကောက်ခွန်ဦးစီးဌာနရုံးဝင်းအတွင်း၌ Acid ဟုယူဆရသော အရည်ပုံး ( 1x 25kg) (၁၀) ပုံးအား ဖျက်ဆီးခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
အဆိုပါ Acid ဟုယူဆရသော အရည်ပုံး (၁၀) ပုံးမှာ ၁၆.၆.၂၀၂၄ ရက်နေ့က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မူးယစ်တပ်ဖွဲ့၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ အကောက်ခွန်ဦးစီးဌာန၊ စစ်ဖက်ရေးရာလုံခြုံရေးအဖွဲ့၊ စားသုံးသူရေးရာဦးစီးဌာနတို့ပါဝင်သော ပူးပေါင်းအဖွဲ့မှ ဖွင့်ဖောက်စစ်ဆေးခဲ့သည့် တရားမဝင်ကုန်ပစ္စည်းများ တင်ဆောင်လာသော ယာဉ်ပေါ်ပါပစ္စည်းများအနက် Acid ဟု ယူဆရသော အရည် ပုံး ( 1x 25kg) (၁၀) ပုံးအား ဖျက်ဆီးခြင်းဖြစ်ကြောင်း သိရှိရသည်။
DOCA(မွန်)