![](http://www.doca.gov.mm/sites/default/files/styles/consumer_inner_image__847x424_/public/2.15_0.jpg?itok=kY09_4DN)
၂၆.၈.၂၀၂၄ ရက်နေ့တွင် ရေးမြို့နယ်ရှိ ဆီကိုယ်စားလှယ်များ စားအုန်းဆီ ရောင်းချခြင်း၊ သိုလှောင်ခြင်းများကို ခရိုင်စီမံအုပ်ချုပ်ရေး ဥက္ကဌနှင့် ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာဆက်စပ်အဖွဲ့များ၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံ ဒေါ်အိဖြိုးတို့မှ သွားရောက်စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။
ထိုသို့ သွားရောက်စစ်ဆေးရာတွင် စားအုန်းဆီ ဖြန့်ဖြူးရောင်းချ သိုလှောင်ထားသည့် သတ်မှတ်နေရာများသို့ သွားရောက်ကာ ဆီရောက်ရှိမှု၊ တစ်နေ့တာရောင်းချမှု၊ ရောင်းချသည့် တည်နေရာတို့ကို မေးမြန်းစစ်ဆေးခဲ့ပြီး စားသုံးသူရေးရာဦးစီးဌာန၊ ရေးမြို့နယ်တာဝန်ခံ ဒေါ်အိဖြိုးမှ ရပ်ကွက်၊ ကျေးရွာများရှိ ရောင်းချမည့်နေရာများကို သတ်မှတ်ပေးခဲ့ကြောင်း၊ စျေးနှုန်းနှင့် ဖြန့်ဖြူးမှုကို ကိုယ်တိုင်ကြပ်မတ်၍ ဆောင်ရွက်ပေးခဲ့ကြောင်းတို့ကို တင်ပြပြီး ခရိုင်စီမံအုပ်ချုပ်ရေးဥက္ကဌမှ လိုအပ်သည်များကို မှာကြားကာ ဆီရောင်းချမှုနှင့် တစ်ဦးချင်း တန်းစီဝယ်ယူနေခြင်းများကို စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(မွန်)