![](http://www.doca.gov.mm/sites/default/files/styles/consumer_inner_image__847x424_/public/2.22.jpg?itok=eaZW6u0q)
ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ စားသုံးသူရေးရာဌာနခွဲမှ လက်ထောက်ညွှန်ကြားရေးမှူးဦးကျော်စိုးရီနှင့် အဖွဲ့သည် (၂၈.၈.၂၀၂၄)ရက်နေ့ ၊ နံနက် (၁၀:၀၀)အချိန်တွင် ပုသိမ် မြို့နယ်၊ အမှတ်(၃)အခြေခံပညာအလယ်တန်းကျောင်း (အထက-ခွဲ)ကျောင်း၌ ကျောင်းအုပ်ဆရာမကြီး အပါအဝင် ဆရာ/ဆရာမ (၃၀)ဦး၊ ကျောင်းသား/သူ (၄၈၃)ဦး၊ စုစုပေါင်း (၅၁၃)ဦးအား စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ပါသည်။
ဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၊ စားသုံးသူရေးရာဌာနခွဲမှ လက်ထောက်ညွှန်ကြား ရေးမှူး ဦးကျော်စိုးရီက မိတ်ဆက်စကားပြောကြားပြီး စားသုံးသူရေးရာဌာနခွဲ၏ မျှော်မှန်းချက်၊ ရည်မှန်းချက်၊ စားသုံးရန်မသင့်သော အစားအသောက်များအကြောင်း ရှင်းလင်းဟောပြောခဲ့ပါသည်။ ဆက်လက်၍ ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲမှ ဦးစီးမှူး ဒေါ်မိုးမိုးခိုင်က ထုတ်ကုန်လုံခြုံစိတ်ချရမှုဆိုင် ရာ သိကောင်းစရာများကို ဟောပြောခဲ့ပြီး၊ စားသုံးသူရေးရာဌာနခွဲမှ ဒု-ဦးစီးမှူး ဒေါ်စုသင်းအောင်က စားသုံးသူသတင်းလက်ခံဆောင်ရွက်ရေးစင်တာ(CICC)အကြောင်း သိကောင်းစရာများကို ဟောပြောခဲ့ပြီး လက်ကမ်းစာစောင်များအား ဖြန့်ဝေပေးခဲ့ပါသည်။ ထို့နောက် ကျောင်းအုပ်ဆရာမကြီးမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ပြီး အခမ်းအနားကို အောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့ပါသည်။
DOCA(ဧရာဝတီ)