ကော့သောင်းမြို့နယ်ရှိ မြို့နယ်တရားမဝင်ကုန် သွယ်မှုတိုက်ဖျက်ရေးအထူးဖွဲ့ဝင်များနှင့်အတူ ရှောင်တခင်ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

      ၂၀၂၄ ခုနှစ်၊ သြဂုတ်လ ၂၇ ရက်နေ့ နံနက် (၀၉:၄၅) နာရီအချိန်တွင်  ကော့သောင်းမြို့ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့ဝင်များဖြစ်သော မြို့နယ်စီမံအုပ်ချူပ်ရေးအဖွဲ့၊ ခရိုင်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်အကောက်ခွန်ဦးစီးဌာန၊ မြန်မာနိုင်ငံရေကြောင်းရဲတပ်ဖွဲ့တို့ ပူးပေါင်း၍ ကော့သောင်းမြို့နယ်ရှိ တရားမဝင်ကုန်ပစ္စည်းများဝင်ထွက်နေမှု ရှိ/မရှိ ရှောင်တခင် စစ်ဆေးခြင်းများဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

     အဆိုပါ မြို့နယ်တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့ဝင်များသည် ကွင်းဆင်းစစ်ဆေးရာတွင် ကော့သောင်းမြို့ အဏ္ဏဝါရပ်ကွက် ဓမ္မာရုံကူးတို့ဆိပ်၌တွင် တရားဝင်စာရွက်စာတမ်း အထောက်အထားတင်ပြနိုင်ခြင်းမရှိသော Detergent Powder (1000g)(1×12 Packs) Brand:108 Shop C/O-Thai-(55)Pkgs ခန့်မှန်းတန်ဖိုးငွေ ကျပ် ၂,၇၅၀,၀၀၀ိ/- ပစ္စည်းများအားတွေ့ရှိသဖြင့် ထိုပစ္စည်းတင်သွင်းလာခြင်းသည် ပင်လယ်ရေကြောင်းမှ ကျူးလွန်ရာရောက် သဖြင့် အကောက်ခွန်ဦးစီးဌာနအက်ဥပဒေအရ အမှုဖွင့်လှစ်ပြီး အရေးယူဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)