စားသုံးသူရေးရာကော်မတီ အစည်းအဝေး(၃/၂၀၂၄)ကျင်းပခြင်း

Powered by Drupal

    ၂၀၂၄ ခုနှစ်၊ သြဂုတ်လ ၂၉ ရက်နေ့၊ နေ့လယ်(၁၃း၀၀) နာရီအချိန်တွင် တနင်္သာရီတိုင်းဒေသကြီး၊ စားသုံးသူရေးရာကော်မတီအစည်းအဝေး(၃/၂၀၂၄)ကို တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ စီးပွားရေးရာဝန်ကြီးအခန်း၌ ကျင်းပပြုလုပ်ခဲ့ရာ ကော်မတီဥက္ကဋ္ဌ၊ စီးပွားရေးရာဝန်ကြီး၊ ဒု-ဥက္ကဋ္ဌ၊ တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး၊ အတွင်းရေးမှူး၊ စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး၊ အဖွဲ့ဝင်များဖြစ် သည့် တိုင်းဒေသကြီးအထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ တိုင်းဒေသကြီးဥပဒေချုပ်ရုံး၊ တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ တိုင်းဒေသကြီး အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန ၊ တိုင်းဒေသကြီးစည်ပင်သာယာရေးအဖွဲ့၊ တိုင်းဒေသကြီး ကုန်သည်များနှင့်စက်မှုလုပ်ငန်းရှင်များအသင်းတို့မှ ကော်မတီအဖွင့်ဝင်(၉)ဦး၊  စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်း (၄)ဦး ၊ စုစုပေါင်း (၁၃)ဦး တက်ရောက်ခဲ့ပါသည်။

  အဆိုပါ အစည်းအဝေးတွင် ကော်မတီဥက္ကဋ္ဌ၊ စီးပွားရေးရာဝန်ကြီးမှ အဖွင့်အမှာစကား ပြောကြားခဲ့ပြီး စားသုံးသူရေးရာကော်မတီ အတွင်းရေးမှူး၊ စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီး ဦးစီးမှူးမှ(၂/၂၀၂၄)အစည်းအဝေးမှ အစည်းအဝေးဆုံးဖြတ်ချက်များအား ဆောင်ရွက်ထားရှိမှု အခြေအနေနှင့် လုပ်ငန်းဆောင်ရွက်နိုင်ခဲ့မှု မှတ်တမ်းဓါတ်ပုံများ၊ (၃/၂၀၂၄)တွင် ရှေ့ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းများနှင့် ပတ်သက်၍ အမှာစာများအား power point presentation ဖြင့် ရှင်းလင်းဆွေးနွေးတင်ပြခဲ့ပါသည်။

     ဆက်လက်၍ ကော်မတီအဖွဲ့ဝင်များမှ လိုအပ်သည်များနှင့် သိရှိလိုသည်များအား ရှင်းလင်းဆွေးနွေးခဲ့ပြီး ကော်မတီဥက္ကဋ္ဌမှ နိဂုံးချုပ်အနေဖြင့်  ရှေ့ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဥ်များအား အဖွဲ့ဝင်များမှ  ပူးပေါင်းပါဝင်ဆောင်ရွက်သားကြရန် ၊  ထပ်မံဆောင်ရွက်မည့် လုပ်ငန်းများအား ဆုံးဖြတ်ချက်များ ချမှတ်ကာ အစည်းအဝေးကို နေ့လယ် (၁၄း၃၀) နာရီအချိန်တွင် အောင်မြင်စွာ ပြီးမြောက်ခဲ့ကြောင်း  သိရှိရပါသည်။