မိုးကြိုနှမ်း၊ သီးနှံစိုက်ပျိုးထွက်ရှိမှု

Powered by Drupal

    ပဲခူးတိုင်းဒေသကြီး (အနောက်)နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ်အတွင်းရှိ ကျေးရွာများတွင် ဆီထွက်သီးနှံကို ယခုနှစ်တွင် တစ်ပိုင်တစ်နိုင် စိုက်ပျိုးလာနိုင်ကြောင်း သိရပါသည်။ မိုးနှမ်းစိုက်တောင်သူများအနေဖြင့် မိုးကြိုနှမ်းအား မေလတွင် စတင်စိုက်ပျိုးပြီး ၂လခွဲခန့်ကြပါက စတင်ရိတ်သိမ်းကြောင်း သိရှိရပါသည်။ စမုံနက်နှမ်းမျိုးကို စိုက်ပျိုးမှုများလာပြီး ယခုနှစ်မျိုးနှမ်း (၁) ပြည်လျှင် (၁၅၀၀၀)ကျပ်နှုန်းဖြင့် ဝယ်ယူရပြီး တစ်ဧကအတွက် မျိုးနှမ်း(၃)ပြည် အသုံးပြုရပါသည်။ ယခုနှစ် မိုးနှမ်းတစ်ဧက စိုက်ပျိုးစရိတ်အနေဖြင့် (မျိုးဖိုး၊ ထယ်ထိုးခ၊ ဓာတ်မြေဩဇာ၊ ပိုးသတ်ဆေး၊ အလုပ်သမားခ) အပါအဝင် စုစုပေါင်း ကုန်ကျစရိတ်(၄၇၈၀၀၀)ကျပ်ရှိကြောင်း သိရပါသည်။ ယခုနှစ် မိုးနှမ်းတစ်ဧက ပျမ်းမျှအထွက်နှုန်း(၈)တင်းထွက်ရှိကြောင်း၊ နှမ်းသစ်ပေါ်ချိန်တွင် စမုံနက်နှမ်း တစ်တင်း (၁၂၀၀၀၀)ကျပ်နှုန်းရောင်းချရကြောင်း၊ အကျိုးအမြတ်အားဖြင့် (၄၈၂၀၀၀)ကျပ်ရရှိခဲ့ကြောင်း နှမ်းစိုက်တောင်သူတစ်ဦးထံမှသိရှိရပါသည်။ ဒေသတွင်းတောင်သူများအနေဖြင့် နှမ်းသီးနှံကို တစ်ပိုင်တစ်နိုင်စိုက်ပျိုးလာခြင်းဖြင့် ဒေသတွင်းစားသုံးဆီဖူလုံရေးကို အထောက်အပံ့ရစေသည့်အပြင် ဝင်ငွေများလည်းရရှိလာနိုင်ကြောင်း ရပါသည်။

DOCA(ပဲခူး)