၂၀၂၄ ခုနှစ်၊ ဩဂုတ်လအတွင်း မင်းဘူးခရိုင်၏ စားသုံးသူကာကွယ်ရေး အသိပညာပေးဆွေးနွေးခြင်းနှင့် လုပ်ငန်းရှင်တွေ့ဆုံဆွေးနွေးခြင်း

Powered by Drupal

     မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်အတွင်းရှိ ဝန်ထမ်းများသည် “ထုတ်ကုန်လုံခြုံစိတ်ချရမှုအစ ကုန်အညွှန်းအမှတ်အသားက” ဆိုသည့်အတိုင်း ဈေးကွက်အတွင်းရှိ ကုန်စည်များတွင် စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉၊ အခန်း(၁၈) ကုန်အညွှန်းအမှတ်အသားဖော်ပြရာ၌ ပြည့်စုံစွာ ပါဝင်ရမည့် အချက်အလက်တို့ကို မှန်ကန်စွာဖော်ပြထားခြင်းရှိ/မရှိနှင့် အစားအသောက်နှင့်ဆေးဝါး ကွက်ကဲရေးဦးစီးဌာနက စားသုံးရန်မသင့်ဟု တားမြစ်ထားသောကုန်စည်များရောင်းချမှု ရှိ/မရှိတို့အား မိတ်ဖက်ဌာနများနှင့်ပူးပေါင်း၍ လစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

      မင်းဘူးခရိုင်အတွင်းရှိ မြို့နယ်များမှ ၂၀၂၄ခုနှစ်၊ ဩဂုတ်လအတွင်း အသိပညာပေးခြင်း (၉)ကြိမ်၊ လုပ်ငန်းရှင်များအား တွေ့ဆုံဆွေးနွေးအသိပညာပေးခြင်း (၁၄)ကြိမ်နှင့် ဈေးကွက်စောင့် ကြည့်စစ်ဆေးခြင်း(၉)ကြိမ် ဆောင်ရွက်ခဲ့ပြီး ဆေးဆိုင်၊ စားသုံးဆီဆိုင်နှင့် စက်သုံးဆီဆိုင်များ၌ သတ်မှတ်ရည်ညွှန်းဈေးနှုန်းများအတိုင်း ရောင်းချမှုရှိ/မရှိနှင့် စက်သုံးဆီပြတ်လတ်မှုရှိ/မရှိတို့အား မိတ်ဖက်ဌာနများနှင့် ပူးပေါင်းကာ အထူးဈေးကွက်စောင့်ကြည့်ခြင်း (၃)ကြိမ်ဆောင်ရွက်နိုင်ခဲ့ကြောင်း သိရသည်။

DOCA(မကွေး)