မုဒုံမြို့နယ် ရွှေဟင်္သာဈေးနှင့်မြို့ပေါ်ရပ်ကွက်ရှိ ကုန်စုံဆိုင်များတွင် ရောင်းချနေသော အသင့်စားမုန့် အမျိုးမျိုးအား ပူးပေါင်းအဖွဲ့ဖြင့် ကွင်းဆင်းစစ်ဆေး

Powered by Drupal

    ၂၈.၈.၂၀၂၄ ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ မော်လမြိုင်ခရိုင်၊ မုဒုံမြို့နယ် တာဝန်ခံသည် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့နှင့်ပူးပေါင်း၍ မုဒုံမြို့နယ်၊ ရွှေဟင်္သာဈေးနှင့် မြို့ပေါ်ရပ်ကွက်ရှိ ကုန်စုံဆိုင်များတွင် ရောင်းချနေသည့် ဦးစားပေးကုန်စည်ဖြစ်သော အသင့်စားမုန့်အမျိုးမျိုးတို့တွင် စားသုံးသူကာကွယ်ရေးဥပဒေတွင် ပြဌာန်းထားသော ကုန်ညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာ အချက်များနှင့် ကိုက်ညီမှု ရှိ/မရှိ၊ သက်တမ်းလွန်ကုန်စည်များ ရောင်းချခြင်းရှိ/မရှိအား ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

    ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် မုဒုံမြို့နယ် ရွှေဟင်္သာဈေးနှင့်မြို့ပေါ်ရပ်ကွက်ရှိ ကုန်စုံဆိုင်များတွင်ရောင်းချနေသော ဦးစားပေးကုန်စည်ဖြစ်သည့် အသင့်စားမုန့်အမျိုးမျိုးတို့တွင် ကုန်ညွှန်းအမှတ်အသား ပြည့်စုံစွာ ပါရှိပြီး၊ သက်တမ်းလွန်ကုန်စည်များအား ရောင်းချနေခြင်းမရှိကြောင်း သိရှိရသည်။

DOCA(မွန်)