မြောင်းမြခရိုင်၊ လပွတ္တာမြို့နယ်၊ မြို့ပေါ်ရှိ အိမ်သုံးဆေးဆိုင်များအား နယ်မြေဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်း

Powered by Drupal

    ဧရာဝတီတိုင်းဒေသကြီး၊စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင် လပွတ္တာမြို့နယ် တာဝန်ခံ ဦးမြင့်ဌေးသည် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ပြည်သူကျန်းမာရေးနှင့်ပူးပေါင်း၍ (၂၉.၈.၂၀၂၄)ရက်နေ့ ၊နံနက်(၀၉:၃၀)နာရီက  လပွတ္တာမြို့နယ် မြို့ပေါ်ရှိ အိမ်သုံးဆေးဆိုင်များတွင် ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းနှင့် ဆေးဝါးပြတ်လပ်မှုရှိ/မရှိ  ကွင်းဆင်းစစ်ဆေးခြင်း ဆောင်ရွက်ခဲ့ပါသည်။

      ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်တာဝန်ခံမှ အိမ်သုံးဆေးအရောင်းဆိုင်ပိုင်ရှင်များအား စားသုံးသူ ပြည်သူများ သက်သာသောဈေးနှုန်းဖြင့် ဝယ်ယူသုံးစွဲနိုင်ရေးအတွက် ဆောင်ရွက်ပေးနိုင်ပါရန် ဆေးနှင့်ဆေး ပစ္စည်းများ  ဈေးကွက်အတွင်း ပြတ်လပ်မှုမရှိစေရေး အဓိကထားဆောင်ရွက်ရန် မေးမြန်းချက်များအရ အိမ်သုံးဆေးများအား ရန်ကုန်ကုမ္ပဏီများနှင့် ချိတ်ဆက်ဝယ်ယူရောင်းချနေရပြီး၊ ဆေးအမျိုးအစားအလိုက် ၅% မှ ၁၀% ထိသာ ဈေးနှုန်းအနည်းငယ် မြင့်တက်လျက်ရှိကြောင်း ဝယ်ယူရာတွင် အခက်အခဲမရှိဝယ်ယူနိုင်ကြောင်း သိရှိရပါသည်၊ ဈေးကွက်အတွင်း ဈေးနှုန်း မြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ထားပါက အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှု ဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ဆိုင်ရှင်များသို့ အသိပေးဆွေးနွေးဆောင်ရွက်ခဲ့ပါသည်။ သက်တမ်းလွန် ဆေးဝါးများနှင့် လိုင်စင်မဲ့ဆေးဝါးများ ဈေးကွက်အတွင်း  ရောင်းချခြင်းမပြုရန်   သက်ဆိုင်ရာဌာနများ၏ အမိန့်ညွှန်ကြားချက်၊   ဥပဒေများအား လိုက်နာဆောင်ရွက်ကြရန် အသိပေးစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)