အခြေခံသတင်းရေးသားနည်းသင်တန်းဖွင့်လှစ်

Powered by Drupal

    စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံး သင်တန်းခန်းမတွင် စားသုံးသူရေးရာဦးစီးဌာနနှင့် ချမ်းအေးသာစံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ အခြေခံသတင်းရေးသားနည်းသင်တန်းကို ဩဂုတ်လစတုတ္ထပတ်တွင် တိုင်းဦးစီးမှူးရုံးမှ ဝန်ထမ်းများ၊ ခရိုင်များမှ ဝန်ထမ်းများမှလည်း Online မှ တက်ရောက်ခဲ့ပါသည်။

    အဆိုပါသင်တန်းဖွင့်ပွဲအခမ်းအနားတွင် ခေတ္တတိုင်းဒေသကြီးဦးစီးမှူးမှ အဖွင့်အမှာစကားပြော ကြားရာတွင် စားသုံးသူရေးရာဦးစီးဌာနရှိ ဝန်ထမ်းများအနေနှင့် ဝန်ကြီးဌာနမှ ၁လလျှင် ၁ကြိမ်ထုတ် ဝေသည့် Commerce Journal နှင့် ဌာန website များတွင် သတင်းများရေးသားပေးပို့နိုင်ရေးအတွက် သတင်းများရေးသားရာတွင် သိသင့်သိထိုက်သည့် ဆောင်ရန်ရှောင်ရန်အချက်များနှင့် သတင်းရေးသား ရာတွင် လိုက်နာဆောင်ရွက်ရမည့် အချက်များကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သင်ကြားသည့် အချက်အလက်များကို စိတ်ပါဝင်စားစွာဖြင့် လေ့လာသင်ယူကြပါရန် ပြောကြားခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာနမှ မိတ်ဆက်ဆွေးနွေးပြီး သတင်းရေးသားနည်းသင်တန်း ကိုဖွင့်လှစ်သင်ကြားခဲ့ပါသည်။

      အဆိုပါသတင်းရေးသားနည်းသင်တန်းမှ သတင်းတွင် အဓိကပါဝင်ရမည့်အချက်များ/သတင်း အခြေခံဖွဲ့စည်းတည်ဆောက်ပုံ၊ သတင်းအမျိုးအစား၊သတင်းဆောင်းပါး၊ သတင်းတန်ဖိုးရှိ/မရှိ ဆုံးဖြတ် ရမည့်အချက်များ၊ သတင်းရေးသားရာတွင် သတိပြုရမည့်အချက်များ၊ သတင်းတည်းဖြတ်ခြင်း၊ သတင်းစာ ဆရာကောင်းအရည်အချင်း၊  သတင်းမီဒီယာလောကတွင် ရင်ဆိုင်နေရသည့် ထူးခြားသည့်အခြေအနေများကို သင်ကြားပို့ချခဲ့ပြီး သင်တန်းသား/သူများနှင့် အပြန်အလှန်ဆွေးနွေးကာ လက်တွေ့ သတင်းရေးသားမှုကို ဆောင်ရွက်ခဲ့ပါသည်။

DOCA(မန္တလေး)