Geely, Chery နှင့် JAC ကားကုမ္ပဏီများသည် အယ်လ်ဂျီးရီးယားတွင် ကားများထုတ်လုပ်ဖြန့်ချိသွားမည်

Powered by Drupal

      Geely, Chery နှင့် JAC တို့သည် မြောက်အာဖရိကတွင် ၎င်း၏တည်ရှိမှုကိုခိုင်မာစေရန် အယ်ဂျီးရီးယားတွင် ကားထုတ်လုပ်ဖြန့်ချိသွားမည်ဖြစ်သည်။ ၎င်းအချက်အလက်အား အယ်ဂျီးရီးယားဆိုင်ရာ တရုတ်သံအမှတ် Li Jian က ထုတ်ဖော်ခဲ့ခြင်းဖြစ်သည်။ ၎င်းသည် ၂၀၂၃ခုနှစ်တွင် အကောင်အထည်ဖော်ခဲ့သော အယ်လ်ဂျီးရီးယား၏ သွင်းကုန်ကန့်သတ်ချက်အပေါ် တရုတ်ကားထုတ်လုပ်သူများ၏ တုံ့ပြန်မှုတစ်ရပ်ဖြစ်ကြောင်းသိရသည်။

       အယ်ဂျီးရီးယားနိုင်ငံ၏ စီးပွားရေးသည် နှစ်အတော်ကြာ ဆက်တိုက်ကျဆင်းနေခဲ့သည်။ ထို့ကြောင့် ဒေသအာဏာပိုင်များသည် မော်တော်ကားတင်သွင်းမှုကိုကန့်သတ်ခြင်းဖြင့် လုပ်ငန်းများကို ပြန်လည်အသက်သွင်းရန်ရည်ရွယ်ခဲ့သည်။ အသစ်ပြဋ္ဌာန်းထားသော စည်းမျဉ်းများသည် နိုင်ငံအတွင်း ကားထုတ်လုပ်ရေးစက်ရုံများတည်ထောင်ရန် ကားကုမ္ပဏီများကို ဆွဲဆောင်တော့မည်ဖြစ်သည်။ JAC သည် ယခင်က အယ်ဂျီးရီးယားတွင် ထရပ်ကား KD စက်ရုံရှိပြီး Geely နှင့် Chery သည် မြောက်အာဖရိကနိုင်ငံ၌ စက်မှုလုပ်ငန်းနောက်ခံမရှိကြောင်းသိရသည်။ Chery မှ တာဝန်ရှိသူများသည် Bordj Bou Arreridji တွင် စက်ရုံတည်ထောင်ရန် စီစဉ်ထားကြောင့် နိုဝင်ဘာလ ၂၀၂၃ခုနှစ်တွင်ပြောကြားခဲ့သည်။ ဤစက်ရုံသည် တစ်နှစ်လျှင် ထုတ်လုပ်မှုပမာဏ ၂၄၀၀၀ရှိမည်ဖြစ်သည်။ လာမည့်သုံးနှစ်အတွင်း Chery သည် တစ်နှစ်လျှင် ကားအစီးရေ ၁၀၀၀၀၀ထုတ်လုပ်မှုစွမ်းရည်ကိုမြှင့်တင်မည်ဖြစ်သည်။ ရလဒ်အနေဖြင့် စက်ရုံသည် အခြားမြောက်အာဖရိကနိုင်ငံများသို့ ကားများတင်ပို့မည်ဖြစ်သည်။ အယ်လ်ဂျီးရီးယားရှိ Geely ၏အစီအစဉ်များကို ၎င်း၏ပြည်တွင်းလုပ်ဖော်ကိုင်ဖက် Sovidam မှ ထုတ်ဖော်ခဲ့သည်။ အကြီးဆုံးပုဂ္ဂလိကပိုင် တရုတ်ကားထုတ်လုပ်သူ Geely သည် အယ်ဂျီးရီးယားတွင် မော်တော်ယာဉ်တပ်ဆင်စက်ရုံတည်ဆောက်ရန် အမေရိကန်ဒေါ်လာသန်း၂၀၀ရင်းနှီးမြှုပ်နှံရန်စီစဉ်နေကြောင်း ကုမ္ပဏီ၏ GM ကဖော်ပြခဲ့သည်။ ၎င်းကနဦးထုတ်လုပ်မှုစွမ်းရည်သည် တစ်နှစ်လျှင် ယူနစ်၅၀၀၀၀သို့ရောက်ရှိမည်ဖြစ်သည်။ Geely ၏ အယ်ဂျီးရီးယားစက်ရုံသည် ၂၀၂၆ခုနှစ်တွင် စတင်လည်ပတ်မည်ဖြစ်သည်။ ထုတ်လုပ်မှုလိုင်းမှ ပထမဆုံးမော်ဒယ်မှာ Geely GX3 Pro (Geely Vision X3) ဖြစ်သည်။ အယ်ဂျီးရီးယားတွင် တရုတ်ကားများစတင်ထုတ်လုပ်ခြင်းသည် တရုတ်ကုမ္ပဏီများအတွက်သာမက နိုင်ငံအတွက်ပါ အကျိုးရှိမည်ဖြစ်သည်။ Geely, Chery နှင့် JAC တို့သည် မြောက်အာဖရိကတွင် ၎င်းတို့၏တည်ရှိမှုကိုခိုင်မာစေရန်အတွက် အဆိုပါပြည်တွင်းစက်ရုံများကို တင်ပို့သည့်ပလက်ဖောင်းအဖြစ် အသုံးပြုသွားမည်ဖြစ်သည်။ သို့သော်လက်ရှိအချိန်တွင် Geely, Chery နှင့် JAC တို့သည် အယ်ဂျီးရီးယားတွင် ကားများထုတ်လုပ်ရန်တရားဝင်ခွင့်ပြုချက်မရရှိသေးကြောင်းသိရပါသည်။

Source : carnewschina

DOCA(ရန်ကုန်)