![](http://www.doca.gov.mm/sites/default/files/styles/consumer_inner_image__847x424_/public/၁၃.png?itok=l-GoyWq9)
ပြည်ပဲမျိုးစုံဈေးကွက်မှာ နေ့စဉ်လက်လီသမားများအနေဖြင့် အရောင်းအဝယ်သွက်လျက်ရှိသော ပဲသီးနှံမှာ စားတော်ပဲ သီးနှံဖြစ်ပါသည်။ စားတော်ပဲသီးနှံဟာဆိုလျှင် ပဲဈေးကွက်အတွင်း နှစ်စဉ်လိုလို ဈေးကောင်းဝင်သီးနှံအဖြစ်တည်ရှိနေပြီး ယခုနှစ်မှာတော့ ပြည်ပဝယ်လက် အဓိကဖြစ်သော မတ်ပဲ၊ ပဲစင်းငုံသီးနှံများ ဈေးမြင့်တက်လာသည့်အတွက် အဆိုပါ ပဲများနှင့်အပြိုင် ဈေးကောင်းရလျက်ရှိခဲ့ပါသည်။ ယခင်နှစ်က ကာလတူအချိန် စားတော်ပဲသီးနှံဈေးမှာ တစ်တင်း လျှင် (၁၀၃၀၀၀) ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပြီး ယခုနှစ် ဩဂုတ်လကုန်အပတ်တွင် ပိဿာ ၂၀ တစ်တင်းလျှင် (၁၃၀၀၀၀) ကျပ်ဖြင့် ရရှိခဲ့သည့်အတွက် ယခင်နှစ်ထက် ဈေးအနည်းငယ်ပိုရလာပြီး မတ်ပဲသီးနှံနှင့်အတူ ဈေးပြိုင်မြင့်တက်ခဲ့သော်လည်း ပဲစင်းငုံသီးနှံနှင့်ယှဉ်လျှင် ဈေးလျော့နည်းနေခဲ့ကြောင်း သိရှိရပါသည်။ စားတော်ပဲပြုတ်ဈေးနှုန်းအနေဖြင့် တစ်ဆယ်ကျပ်သားလျှင် (၇၀၀) ကျပ်ဖြင့် ရောင်းဝယ်နေကြကြောင်း သိရှိရပါသည်။
DOCA(ပဲခူး)