မင်းလှမြို့နယ် ဆောင်းသီးနှံ နေကြာစိုက်ပျိုးမှု

Powered by Drupal

    ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်တွင် ဆောင်းသီးနှံနေကြာများအား (၂၀၂၁-၂၀၂၂)ခုနှစ် ဆောင်းသီးနှံနေကြာများကို ကျေးရွာအုပ်စု(၂၃) အုပ်စု၊ ကျေးရွာခွဲ(၂၆) ရွာတွင်တောင်သူ (၁၀၃) ဦးမှ မတ်ပဲစိုက် လယ်မြေများတွင် သီးညှပ်အဖြစ်(၁၃၉)ဧကအား စိုက်ပျိုး ထားရှိပါသည်။ တောင်သူများအား စိုက်ပျိုးရေးဦးစီးဌာနမှ သက်လျင်ဆင်းရွှေကြာ(၂) သဘာဝ ဝတ်မှုန်ကူးမျိုးကို ဖြန့်ဝေပေးထားကြောင်း သိရှိရသည်.။ ယခု လက်ရှိတွင်ဆောင်းသီးနှံသီးညှပ် (၇၅) ဧကခန့် ရိတ်သိမ်း/ပြီးစီး ထွက်ရှိမှုအနေဖြင့် တစ်ဧကလျှင်  (၁၀.၅) တင်းမှ ၁၁တင်းနှုန်းခန့် ထွက်ရှိကြောင်းသိရသည်။ ဆီကြိတ်ခွဲ ထွက်ရှိမှုအနေဖြင့် နေကြာစေ့ တစ်တင်းလျှင် ဆီ (၂.၅) ပိဿာနှုန်း ထွက်ရှိနိုင်ကြောင်း သိရသည်။  ဆောင်းသီးနှံနေကြာအား မင်းလှမြို့နယ်တွင်(၂၀၂၂-၂၀၂၃) ခုနှစ်အတွက် ကျေးရွာအုပ်စု (၅၆) အုပ်စုတွင် လယ်မြေသီးညှပ် (၂၈၄၀) ဧက၊ ကိုင်း/ကျွန်း သီးညှပ် (၂၇၁၀) ဧက၊နေကြာ သီးသန့် (၅၀) ဧက၊  စုစုပေါင်း (၅၅၅၀) ဧက ၊ တိုးချဲ့စိုက်ပျိုးရန်  စိုက်ပျိုးရေးဦးစီးဌာနမှ လျာ ထားကြောင်း သိရှိရသည်။

DOCA(ပဲခူး)