ပြည်ဘိုကိတ် ဈေးတရိပ်ရိပ်တက်လျက်ရှိ

Powered by Drupal

      ပြည်ပဲဈေးကွက်မှာ ပဲသစ်ဝင်ရောက်ခြင်းမရှိဘဲ လက်ကျန်လှောင်ပဲအချို့ဖြင့် ရောင်းဝယ်နေကြသော ပဲသီးနှံများထဲတွင် ဘိုကိတ်ပဲသီးနှံလည်းပါဝင်နေပြီး လက်ကားရောင်းဝယ်မှုအပြင် လက်လီသမားများလည်း နေ့စဉ်အဝယ်ရှိနေခဲ့ကြောင်း သိရှိရပါသည်။ လက်ကားရောင်းဝယ်မှုအနေဖြင့် တစ်ရက်လျှင် အိတ် ၅၀ ကျော်ခန့် ရန်ကုန်ဝယ်လက်များဖြင့် ရောင်းဝယ်ခဲ့ကြရသကဲ့သို့ လက်လီရောင်းဝယ်မှုအနေဖြင့် ဒေသတွင်းဝယ်လက်အချို့ဖြင့် တစ်ရက်လျှင် အိတ် ၂၀ ကျော် ရောင်းချမှုရှိခဲ့ကြပါသည်။ ဘိုကိတ်ပဲသီးနှံဈေးမှာ တစ်တင်းလျှင် ကျပ်(၁)သိန်းဖြင့် ဩဂုတ်လကုန် အပတ်တွင် အရောင်းအဝယ်ဖြစ်ခဲ့ရာ အခြားပဲများနည်းတူ ဈေးမြင့်တက်လာသည်ကို တွေ့ရှိရပါသည်။ ယခင်နှစ်ကုန်ကာလတွင် ဘိုကိတ်ပဲသီးနှံဈေးနှုန်းအနေဖြင့် တစ်တင်းလျှင် ကျပ် ၆ သောင်း ကျော်သာရရှိခဲ့သဖြင့် ဈေးကွက်အတွင်း ဈေးအေးခဲ့သော်လည်း ယခုနှစ်တွင် ဇူလိုင်လပိုင်းမှစ၍ ဈေးတရိပ်ရိပ်တက်လျက်ရှိနေသောကြောင့် တစ်တင်းလျှင် ကျပ်(၁)သိန်းအထိ ရရှိလာပြီဖြစ်ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)