ပြည်ကုန်စည်ဒိုင်၏ဩဂုတ်လပဲမျိုးစုံဈေးကွက်အခြေအနေ

Powered by Drupal

      ပြည်ကုန်စည်ဒိုင်သည် လမ်းပန်းဆက်သွယ်ရေး  အချက်အခြာကျသော ပြည်မြို့တွင် ဖွင့်လှစ်ထားသောကြောင့် ပဲမျိုးစုံအရောင်းအဝယ်မှာ ကောင်းမွန်လျက်ရှိပါသည်။

မတ်ပဲ

    ပြည်ကုန်စည်ဒိုင်၏ ဩဂုတ်လပထမပတ်တွင် မတ်ပဲတစ်တင်းကို ၁၁၂၀၀၀ကျပ်ဖြင့် တစ်ရက်ကိုအိတ် ၁၅၀/၂၀၀ခန့် ရန်ကုန်ဒိုင်မှ အဝယ်ရှိပါသည်။ ဒုတိယပတ်တွင် ပဲတစ်တင်းလျှင် ၁၂၄၀၀၀-၁၂၄၅၀၀ကျပ်ဖြင့် ရန်ကုန်အဝယ်တစ်ရက်ကို အိတ်၂၀၀ခန့် အဝယ်ရှိပါသည်။ တတိယပတ်တွင် မတ်ပဲတစ်တင်းကို ၁၂၁၀၀၀- ၁၂၁၅၀၀ကျပ်ဖြင့် ရန်ကုန်အဝယ် တစ်ရက်ကိုအိတ် ၂၀၀ခန့် အဝယ်ရှိပါသည်။ စတုတ္တပတ်တွင် မတ်ပဲတစ်တင်းလျှင် ၁၂၅၀၀၀-၁၂၅၅၀၀ကျပ်ဖြင့် ရန်ကုန်အဝယ်တစ်ရက်ကို အိတ် ၁၅၀/၂၀၀ခန့်အဝယ်ရှိပါသည်။

ပဲတီစိမ်း

     ပြည်ကုန်စည်ဒိုင်တွင် ပဲတီစိမ်းသစ် အဝင်ရှိပြီး ပဲတီစိမ်းတစ်တင်းကို ၅၅၀၀၀-၆၀၀၀၀ ကျပ်ဖြင့် ဈေးစဖွင့်၍ တစ်ရက်ကိုအိတ် ၁၀၀/၂၀၀ခန့် အရောင်းအဝယ်ရှိပါသည်။ ဒုတိယပတ်တွင် ၆၀၀၀၀ကျပ်ဖြင့် တစ်ရက်ကိုအဝယ် ၂၀၀/ ၂၅၀အိတ်ခန့် ရှိပါသည်။ တတိယပတ်တွင် ပဲတီစိမ်းတစ်တင်းကို ၆၀၀၀၀ကျပ်ဖြင့် တစ်ရက်ကို အိတ် ၃၀၀/၄၀၀ခန့် အဝယ်ရှိပါသည်။ စတုတ္တပတ်တွင် ပဲတီစိမ်းတစ်တင်းကို ၅၀၀၀၀-၅၅၀၀၀၀ကျပ်ဖြင့် အိတ် ၄၀၀/ ၅၀၀ခန့် အရောင်းအဝယ်ရှိကြောင်း သိရှိရပါသည်။

ပဲစင်းငုံ

   ဩဂုတ်လပထမပတ်တွင် ပဲစင်းငုံတစ်တင်းလျှင် ၁၃၇၅၀၀-၁၃၈၀၀၀ကျပ်ဖြင့် ရန်ကုန်အဝယ် တစ်ရက်ကို အိတ် ၂၀၀ခန့် ရှိပါသည်။ ဒုတိယပတ်တွင် ပဲစင်းငုံတစ်တင်းကို ၁၄၇၅၀၀-၁၄၈၀၀၀ ကျပ်ဖြင့် ရန်ကုန်အဝယ်တစ်ရက်ကို အိတ် ၂၀၀/၂၅၀ခန့် ရှိပါသည်။ ဩဂုတ်လတတိယပတ်တွင် ပဲစင်းငုံတစ်တင်းကို ၁၄၇၀၀၀-၁၄၇၅၀၀ကျပ်ဖြင့် ရန်ကုန်အဝယ်တစ်ရက်လျှင် အိတ် ၃၀၀ခန့် ရှိပါသည်။ စတုတ္ထပတ်တွင် ပဲစင်းငုံတစ်တင်းကို ၁၅၄၀၀၀ကျပ်ဖြင့် တစ်ရက်ကိုအိတ် ၃၀၀ခန့် အဝယ်ရှိကြောင်း သိရှိရပါသည်။

ကုလားပဲ

      ဩဂုတ်လပထမပတ်တွင် ကုလားပဲ(HL) တစ်တင်းကို ၈၇၀၀၀-၈၈၀၀၀ကျပ်၊ မြကြေးမှုံ တစ်တင်းကို ၉၀၀၀၀-၉၁၀၀၀ကျပ်ရှိ၍ မြို့တွင်းခွဲစက်သမားများသာ အဝယ်တစ်ရက်ကို အိတ် ၃၀၀ခန့်ရှိပါသည်။ ဒုတိယပတ်တွင် ကုလားပဲ(HL)တစ်တင်းကို ၁၀၁၅၀၀ကျပ်၊ မြကြေးမှုံ တစ်တင်းကို ၁၀၅၀၀၀ကျပ်ဖြင့် မြို့တွင်းခွဲစက်သမားအဝယ်တစ်ရက်ကို အိတ် ၂၅၀/ ၃၀၀ ခန့်ရှိပါသည်။ တတိယပတ်အတွင်း ကုလားပဲ(HL) တစ်တင်းကို ၁၀၁၀၀၀-၁၀၂၀၀၀ကျပ်၊ မြကြေးမှုံ တစ်တင်းကို ၁၁၀၀၀၀ကျပ်ဖြင့် ခွဲစက်သမားများတစ်ရက်ကိုအိတ် ၂၅၀ခန့် အဝယ်ရှိပါသည်။ စတုတ္ထပတ်တွင် ကုလားပဲ(HL) တစ်တင်းကို ၁၀၀၀၀၀-၁၀၁၀၀၀ကျပ်၊ မြကြေးမှုံတစ်တင်းကို ၁၁၁၀၀၀-၁၁၂၀၀၀ကျပ်ဖြင့် မြို့တွင်းခွဲစက်သမားများ တစ်ရက်ကိုအိတ် ၃၀၀ခန့် အဝယ်ရှိပါသည်။

ပဲကြီး

     ဩဂုတ်လပထမပတ်တွင် ပဲကြီး(ရွှေကျွန်း)တစ်တင်းကို ၈၉၀၀၀ကျပ်၊ ပဲကြီး (ကုန်းပဲ) တစ်တင်းကို ၈၅၀၀၀ကျပ်ဖြင့် မြို့တွင်းပဲကြော်သမားများ တစ်ရက်ကိုအိတ် ၂၀၀ခန့် အဝယ် ရှိပါသည်။ ဒုတိယပတ်တွင် ပဲကြီး(ရွှေကျွန်း)တစ်တင်းကို ၉၀၀၀၀ကျပ်၊ (ကုန်းပဲ)တစ်တင်းကို ၈၅၀၀၀ကျပ်ဖြင့် မြို့တွင်းပဲကြော်သမားများ အဝယ်ရှိပါသည်။ တတိယပတ်တွင် ပဲကြီး(ရွှေကျွန်း) တစ်တင်းကို ၉၀၀၀၀ကျပ်၊ ကုန်းပဲတစ်တင်းကို ၈၅၀၀၀ကျပ်ဖြင့် ဈေးအေးနေခဲ့ပြီး မြို့တွင်းအဝယ် တစ်ရက်ကို အိတ် ၃၀၀ခန့်ရှိခဲ့ပါသည်။ စတုတ္ထပတ်တွင် ပဲကြီး(ရွှေကျွန်း)တစ်တင်းကို ၉၀၀၀၀ကျပ်၊ ကုန်းပဲတစ်တင်းကို ၈၅၀၀၀ကျပ်ဖြင့် မြို့တွင်းပဲကြော်သမားများ တစ်ရက်ကိုအိတ် ၃၀၀/၄၀၀ခန့် အဝယ်ရှိခဲ့ပါသည်။

ဘိုကိတ်ပဲ

      ဩဂုတ်လပထမပတ်တွင် ဘိုကိတ်ပဲတစ်တင်းကို ၉၂၀၀၀-၉၃၀၀၀ကျပ်ဖြင့် မြို့တွင်းနှင့် ရန်ကုန် အဝယ်တစ်ရက်ကို အိတ် ၅၀/ ၁၀၀ခန့်ရှိခဲ့ပါသည်။ ဒုတိယပတ်တွင် ဘိုကိတ်ပဲတစ်တင်းကို ၉၅၀၀၀ကျပ်ဖြင့် မြို့တွင်းအဝယ်ရှိပါသည်။ တတိယပတ်တွင် ဘိုကိတ်ပဲတစ်တင်းကို ၉၈၀၀၀-၁၀၀၀၀၀ကျပ်ဖြင့် မြို့တွင်းအဝယ်တစ်ရက်ကို အိတ် ၁၅၀ခန့်ရှိခဲ့ပါသည်။ စတုတ္ထပတ်တွင် ဘိုကိတ်ပဲတစ်တင်းကို ၉၈၀၀၀ကျပ်ဖြင့် မြို့တွင်းအဝယ်တစ်ရက်ကိုအိတ် ၅၀/၁၀၀ခန့်ရှိခဲ့ပါသည်။

       ပြည်ကုန်စည်ဒိုင်၏ ပဲမျိုးစုံဈေးမှာ မတ်ပဲ၊ ပဲစင်းငုံ၊ ဘိုကိတ်ပဲတို့မှာ ဈေးမြင့်တက်လျက်ရှိပြီး ကုလားပဲ၊ ပဲကြီးဈေးမှာ အေးလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)