တဆေးပါဝင်မှုပမာဏ မြင့်မားသောကြောင့် အမေရိကန်နိုင်ငံရှိ ပြည်နယ်(၁၀)ခုမှ ကင်မ်ချီအိုး ၃၀၀၀၀ ကျော်အား ပြန်လည်သိမ်းဆည်း

Powered by Drupal

     အစားအစာဘေးကင်းရေးသတင်းနှင့် US Food & Drug Administration (FDA)၏ အဆိုအရ ပြည်နယ်(၁၀)ခု ကင်မ်ချီအိုး ၃၂၈၂၀ ခန့်အား ပြန်လည်သိမ်းဆည်းခဲ့ကြောင်း သိရှိရပါသည်။ ထိုသို့ သိမ်းဆည်းရသည့် အဓိကအကြောင်းအရင်းမှာ ထုတ်ကုန်တွင် တဆေးပါဝင်မှု ပမာဏမြင့်မားနေခြင်းကြောင့်ဟု သိရှိရပါသည်။

      J-Baket အမှတ်တံဆိပ် Napa Kimchi ၏ ၁၄.၁ အောင်စရှိသော ပလပ်စတစ်အိုးများအား အရီဇိုးနား၊ ကော်လိုရာဒို၊ ဖ‌‌လော်ရီဒါ၊ ဂျော်ဂျီယာ၊ ဟာဝိုင်အီ၊ အီလီနွိုက်၊ မေရီလန်း၊ နယူးယောက်၊ တက္ကဆက်နှင့် ဝါရှင်တန် စသည့် ပြည်နယ်(၁၀)ခုတွင် ပြန်လည်သိမ်းဆည်းခဲ့သည်။ ပြန်လည်သိမ်းဆည်းသည့် ကြေညာချက်အရ သိမ်းဆည်းမှုတွင်ပါဝင်သော ထုတ်ကုန်များသည် (၁၀-၂၆-၂၄) သို့မဟုတ် (၁၂-၁၉-၂၄) ရက်စွဲများနှင့် “011152830001” ၏ ပုံနှိပ်ထားသော UPC ထုတ်ကုန်များပါဝင် ကြောင်းသိရှိရပါသည်။

     ဝယ်ယူထားသောကင်မ်ချီသည် အထက်ဖော်ပြပါ သိမ်းဆည်းသည့်အချက်အလက်များနှင့် ကိုက်ညီပါက ၎င်းကို စွန့်ပစ်ရန်နှင့် ပြန်အမ်းငွေရယူရန်အတွက် ၎င်းအားဝယ်ယူခဲ့သောနေရာသို့ ပြန်လည်ပေးပို့ရန်၊ မှိုများသည် mycotoxins များ ဖြစ်ပေါ်နိုင်သောကြောင့် စားသုံးသောအခါတွင်  အန္တရာယ်ရှိနိုင်ကြောင်း၊ ၎င်းသည် ရောဂါပိုးကူးစက်မှုကိုဖြစ်စေနိုင်ပြီး ခုခံအားကျဆင်းသောသူများ၊ က‌လေးသူငယ်များနှင့် အသက်(၆၅)နှစ်နှင့်အထက်ရှိသူများအတွက် အန္တရာယ်ရှိနိုင်ကြောင်း၊ ပြန်လည်သိမ်းဆည်းထားသောကင်မ်ချီကို စားသုံးပြီး‌နောက် ရောဂါလက္ခဏာတစ်ခုခုခံစားရပါက ကျန်းမာရေးစောင့်ရှောက်ပေးသူဆရာဝန်ထံသို့ ချက်ချင်းဆက်သွယ်သင့်ကြောင်း FDA မှ ထုတ် ပြန်ချက်အရ သိရှိရပါသည်။

DOCA(ရန်ကုန်)