ကျိုက်လတ်မြို့၊ (၁၉) လမ်း အ.မ.က (၉) မူလွန်ကျောင်းတွင် စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြော

Powered by Drupal

          ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင် ၊ ကျိုက်လတ်မြို့နယ်၌ စက်တင်ဘာလ(၂)ရက်နေ့ ၊ နံနက် (၁၀:၀၀) နာရီ အချိန်တွင် ကျိုက်လတ်မြို့၊ (၁၉) လမ်း အ.မ.က (၉) မူလွန်ကျောင်းတွင် မြို့နယ်တာဝန်ခံ ဦးမိုးမင်းသန်း ဦးဆောင်မှုဖြင့် စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောခဲ့ပါသည်။

          အဆိုပါ ဟောပြောပွဲတွင် မြို့နယ်တာဝန်ခံ ဦးမိုးမင်းသန်းက စားသုံးရန် မသင့်သော အစားအစာများအကြောင်း၊ ဆိုးဆေးပါဝင်သော ဓာတုဆိုးဆေးများအကြောင်း၊ စားသုံးသူ၏ အခွင့်အရေးနှင့်တာဝန်များ အကြောင်း၊ ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် မြန်မာဘာသာဖြင့် ဖော်ပြထားသော ကုန်စည်များကိုသာ  ရွေးချယ်ဝယ်ယူစားသုံးကြရန်နှင့် ကုန်စည်နှင့် ဝန်ဆောင်မှု များကြောင့် စားသုံးသူများ နစ်နာဆုံးရှုံးမှုများ ရှိလာပါက တိုင်ကြားနိုင်သည့် စင်တာများ ဖွင့်လှစ်ထား ရှိကြောင်း နှင့် သက်ဆိုင်ရာ စားသုံးသူရေးရာဦးစီးဌာနရုံးများသို့လည်း လူကိုယ်တိုင်လာရောက်တိုင်ကြားနိုင်ကြောင်း အသိပညာပေးဟောပြောခဲ့ပြီး အခမ်းအနားသို့ ဆရာ/မ (၅) ဦး ၊ ကျောင်းသား/သူ (၂၀၀) ဦး ၊ စုစုပေါင်း (၂၀၅) ဦး တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)