စားသုံးဆီဖြန့်ဖြူးရောင်းချသူ လုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောခြင်း

Powered by Drupal

         ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင် ၊ ဘိုကလေးမြို့ စားသုံးသူရေးရာဦးစီးဌာနရုံးတွင် မြို့နယ်တာဝန်ခံ ဒေါ်ခင်စန်းအေးနှင့် ဝန်ထမ်းတို့သည် ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ (၃) ရက်နေ့ ၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် စားသုံးဆီဖြန့်ဖြူးရောင်းချသည့် လုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောခဲ့ပါသည်။

      ဘိုကလေးမြို့နယ်တာဝန်ခံ ဒေါ်ခင်စန်းအေးက လုပ်ငန်းရှင်များအား ဆီအမျိုးမျိုးတွင် ချိတ်ပိတ်ဆီဘူးများအား မြန်မာဘာသာဖြင့် ရေးသားဖော်ပြထားသော ကုန်အညွှန်း အမှတ်အသား ဖော်ပြချက်များ ပါဝင်မှု ရှိ/မရှိ ၊FDA ထောက်ခံချက်များ ပါဝင်မှုရှိ/မရှိ၊ ထုတ်လုပ်သည့်ရက်စွဲ ၊ သက်တမ်းကုန်ဆုံးသည့်ရက်စွဲ ၊ထားသိုသိမ်းဆည်းပုံ၊အလေးချိန်ကို ပိဿာ၊ကျပ်သားဖြင့် ဖော်ပြထားခြင်းပါဝင်မှုရှိ/မရှိနှင့်  ပုဇွန်တံဆိပ်ချိတ်ပိတ် ဆီဘူးများ အကြောင်း၊ ဆီအတုအပ ရောနှောဆီများတွင် (ပဲဆီ၊နှမ်းဆီ၊နေကြာဆီ) များမရှိကြောင်း၊ ရောနှောဆီမဖြစ်ရန် လိုအပ်ကြောင်း၊ ခွဲတမ်းရ စားဆီများကိုသတ်မှတ် ရည်ညွန်းဈေးနှုန်း အတိုင်း ဆိုင်းဘုတ်တင်ရောင်းချရမည်ဖြစ်ကြောင်း၊ တရားမဝင်ကုန်စည်များနှင့်ပတ်သက်၍လည်း ဝယ်ယူရောင်းချခြင်းများ မပြုရန် တိုက်တွန်းဆွေးနွေး အသိပညာပေးမှုအပေါ် သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)