မြောင်းမြခရိုင် ဝါးခယ်မမြို့နယ် မြို့မဈေးရှိ စားအုန်းဆီဆိုင်တွင် ရည်ညွှန်းဈေးနှုန်းဖြင့်ရောင်းချမှု ရှိ /မရှိ ကွင်းဆင်းစစ်ဆေး

Powered by Drupal

   ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန မြောင်းမြခရိုင် ဝါးခယ်မမြို့နယ် တာဝန်ခံဦးအောင်မိုးသည်  မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့်ပူးပေါင်း၍  (၃.၉.၂၀၂၄)နေ့၊ နေ့လယ် (၁၅:၀၀) နာရီက ငြိမ်းချမ်း-ကုန်မျိုးစုံဆိုင်တွင် ရည်ညွှန်းဈေးဖြင့် စားအုန်းဆီများကို ရောင်းချပေးနေခြင်း ရှိ/ မရှိ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

     ထိုသို့ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် ဝါးခယ်မမြို့နယ်တာဝန်ခံမှ စားအုန်းဆီရောင်းချနေသောဆိုင်ပိုင်ရှင်အား သက်ဆိုင်ရာဌာနမှထုတ်ပြန်ထားသော အမိန့်၊ ညွှန်ကြားချက်များနှင့်အညီ ရောင်းချဖြန့်ဖြူးကြရန်၊ အလေးချိန်မှန်ကန်စွာရောင်းချကြရန်၊ ရှင်းလင်းပြောကြားခဲ့ပြီး ရရှိလာသော စားအုန်းဆီခွဲတမ်းများကိုလည်း စည်းကမ်းနှင့်အညီ စနစ်တကျရောင်းချပေးရန်၊ ရောင်းချပေးသော စားအုန်းဆီဈေးနှုန်းကို အများမြင်သာအောင် ဗီနိုင်းချိတ်ဆွဲထားရှိ၍ရောင်းချရန် ဈေးကွက်အတွင်းဈေးနှုန်း မြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ထားခြင်းများ စစ်ဆေးတွေ့ရှိပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေး ရှင်းလင်းပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)