ပြည်ခရိုင်အတွင်း စက်သုံးဆီဆိုင်များသို့ ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းများ ဆောင်ရွက်

Powered by Drupal

             စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်ဦးစီးမှူးနှင့် စားသုံး/ ထုတ်လုံဌာနခွဲတာဝန်ခံတို့သည် မတ်လ ၃ ရက်တွင် ပြည်မြို့နယ်၊ နဝဒေးရပ်ကွက်ရှိ နီလာရိုးမစက်သုံးဆီအရောင်းဆိုင်သို့လည်းကောင်း၊ ရွှေတောင်မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် မတ်လ (၁၇) ရက်တွင် ရတနာစက်သုံးဆီဆိုင်နှင့် မတ်လ (၁၈) ရက်တွင် Petro – K စက်သုံးဆီဆိုင်တို့သို့ လည်းကောင်း သွားရောက်၍ ရရှိထားသည့် စက်သုံးဆီခွဲတမ်းများအား သတ်မှတ်ဈေးနှုန်းများဖြင့် ရောင်းချမှုရှိစေရေး၊ အရည်အသွေးနှင့် အချိန်အတွယ် မှန်ကန်မှုရှိစေရေး ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြပါသည်။

          အဆိုပါ စစ်ဆေးခြင်းများဆောင်ရွက်ရာတွင် လုပ်ငန်းရှင်များအနေဖြင့် မိမိတို့ရောင်းချမည့် စက်သုံးဆီများအား ရရှိသောခွဲတမ်းများအတိုင်း အထူးဈေးနှုန်းဖြင့် သတ်မှတ်ထားသော အရေအတွက်အတွင်း ရောင်းချမည်ဆိုပါက စီးပွားရေးကျင့်ဝတ်စည်ကမ်းများနှင့်အညီ ရောင်းချကြရန်၊ အရည်အသွေးပြည့်မီသော စက်သုံးဆီများသာ ရောင်းချကြရန်၊ စားသုံးသူပြည်သူများအား မိမိတို့ ရောင်းချသည့် စက်သုံးဆီနှင့် ပတ်သက်သည့် သတင်းအချက်အလက်များကို ပြည့်စုံမှန်ကန်စွာ ဖြန့်ဝေခြင်းများ ဆောင်ရွက်ကြရန် အသိပေးပြောကြားခဲ့ကြောင်းနှင့် စားသုံးသူအသိပညာပေး လက်ကမ်းစာစောင်များလည်း ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ပဲခူး)