မြိတ်မြို့အတွက် စားအုန်းဆီ ပေပါ များရောက်ရှိ

Powered by Drupal

    ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ (၄) ရက်နေ့၊ နံနက် (၁၀း၃၀)အချိန်တွင် တနင်္သာရီတိုင်းဒေသ ကြီး၊ မြိတ်မြို့ရှိ မြိတ်ဆီကိုယ်စားလှယ်သို့ ရန်ကုန်မြို့ရှိ GGPG Co.Ltdမှ ထုတ်ယူခဲ့သော ယာဉ် အမှတ်6L-9513 မော်တော်ယာဥ်ဖြင့် စားအုန်းဆီ ၅၄ ပေပါ (သို့) ပိဿာ ၅၉၄၀ နှင့် MPLY Co.Ltdမှ ထုတ်ယူခဲ့သော ယာဉ်အမှတ် 3R-93605 မော်တော်ယာဥ်ဖြင့် စားအုန်းဆီ ၁၀၈ ပေပါ(သို့) ပိဿာ ၁၁၈၈၀၊ စုစုပေါင်း ၁၆၂ ပေပါသည် မြိတ်မြို့သို့ ရောက်ရှိလာခဲ့ကြောင်း သိရှိရပါသည်။

     အဆိုပါစားအုန်းဆီများကို မြိတ်ခရိုင် စားသုံးသူရေးရာဦးစီးဌာနမှ သွားရောက်စစ်ဆေးခဲ့ပြီး ၎င်းတို့ကို ရည်ညွှန်း‌စျေး၊ သယ်ယူပို့ဆောင်ကုန်ကျစရိတ်နှင့် ၂% အမြတ်တို့ဖြင့် လက်လီဆိုင်များသို့ ခွဲဝေရောင်းချပေးသွား မည်ဖြစ်ကြောင်း၊ လက်လီဆိုင်များမှ ပြည်သူများသို့ ၂% အမြတ်ဖြင့် ပြန်လည်ရောင်းချမည်ဖြစ် ကြောင်း ဆီကိုယ်စားလှယ်ထံမှ သိရှိရပါသည်။ 

DOCA(တနင်္သာရီ)