တိုင်ကြားမှုများအပြီးတွင်ကင်ညာနိုင်ငံသို့ ယူကေမှတင်သွင်းသော အရက်များအား အကောက်ခွန်များ‌လျော့ချ

Powered by Drupal

   ကင်ညာသည်ထုတ်ကန်အချို့အပေါ်တွင် ပိုမိုကောက်ခံမှုနှင့်ပတ်သက်၍ လန်ဒန်မြို့၌ တရားဝင်တိုင်ကြားပြီးနောက် လအကြာတွင် ဝိုင်နှင့်ဝီစကီများကဲ့သို့သော ဗြိတိန်လုပ်အရက်များအပေါ် အခွန်လျော့ချရန် ကင်ညာမှခွင့်ပြုပေးခဲ့ကြောင်း သိရှိရပါသည်။

  ကင်ညာသည် အရှေ့အာဖရိကအသိုက်အဝန်း ဘုံပစ္စည်းကြပ်ခွန်(TT)နှင့်အညီ ယူကေမှ အရက်ခွန် ၃၅ရာခိုင်နှုန်းကိုကောက်ခံလျှက်ရှိသည်၊ ယင်းသည်၎င်းတို့၏ပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက်(EPA)အရ ကင်ညာနှင့်ယူကေတို့ သဘောတူထားသည့် အခွန် ၂၅ရာခိုင်နှုန်း ထက်ပိုများသည်။ ယင်းကြောင့်ယခုနှစ်အစောပိုင်းက ကင်ညာသို့တရားဝင်တိုင်တန်းခဲ့သည့် ယူကေသည် မြင့်မားသောအခွန်စည်းကြပ်မှုအပေါ် မကြည်မလင်ဖြစ်ခဲ့သည်။ သို့သော်လည်း ကင်ညာနိုင်ငံဆိုင်ရာ ယူကေ မဟာမင်းကြီး Neil Wigan မှကင်ညာနှင့်ယူကေတို့သည် အဆိုပါ ပြဿနာကိုဖြေရှင်းပြီးဖြစ်ကြောင်း ယခုအခါကင်ညာသည် FPA အောက်တွင် ၂၅ရာခိုင်နှုန်းဖြင့်သာ ကောက်ခံပြီး ၃၅ရာခိုင်နှုန်း CET ကိုလျှော့ချလိုက်ပြီဖြစ်ကြောင်းပြောကြားခဲ့သည်။ ဥရောပသမဂ္ဂ (EU)နှင့် UK တို့သည် စကော့တလန်ဝီစကီ၊ tequila၊ ရှန်ပိန်နှင့် bour bar တို့ကိုအဓိကထုတ်လုပ်သူများဖြစ်သည်။ ယင်းတိုင်ကြားချက်သည် ယူကေမှအရက်များတင်သွင်းရောင်းချသည့် ပြည်တွင်းအရက်ကုမွဏီများမှ ကင်ညာ၏ကောက်ခံသော CET ၃၅ရာခိုင်နှုန်းမြင့်မားသောနှုန်းထားမှာ အရက်ကိုပိုမိုဈေးကြီးစေပြီး ရောင်းအားကိုထိခိုက်စေသည်ဟုဆိုလာကြသည့်အချိန်တွင် ဖြစ်ပေါ် လာခြင်းဖြစ်ကြောင်း သိရှိရပါသည်။

     ကင်ညာနှင့်ယူကေတို့သည် ၂၀၂၀ခုနှစ် ဒီဇင်ဘာလတွင် EPA လက်မှတ်ရေးထိုးခဲ့ပြီး ၂၀၂၁ ခုနှစ် မတ်လတွင် ကုန်သွယ်မှုသဘောတူညီချက်ကို အတည်ပြုခဲ့သည်၊ EPA သည်ဗြိတိန်စီးပွား ရေးလုပ်ငန်းများအပါအဝင်ကင်ညာတွင်လည်ပတ်နေသောကုမ္ပဏီများအားလုံးအား EU မှနုတ်ထွက်ပြီးနောက် ယူကေဈေးကွက်သို့အခွန်လွတ်ဝင်‌ရောက်ခြင်းမှ ဆက်လက်အကျိုးခံစားခွင့်ရရှိ စေရန်အာမခံပေးလျှက်ရှိကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)