၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ၊ ၅ ရက်နေ့၊ နံနက်(၁၀း၀၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ရုံးချုပ်၊ နေပြည်တော်မှ ကျင်းပပြုလုပ်သည့် ဆန်/စပါးစျေးနှုန်း အစည်းအဝေးသို့ စားသုံးသူရေးရာဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးမှ Online Virtual စနစ်ဖြင့် တက်ရောက်ခဲ့ပါသည်။
အစည်းအဝေးတွင် စားသုံးသူရေးရာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်မှ အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ဒုတိယညွှန်ကြားရေးမှူးချုပ်မှ ရွှေဘိုပေါ်ဆန်းဆန်များ၏ စီးဝင်/စီးထွက်၊ စားသုံး ပို/လျှံ၊ ဝယ်/သယ်/သို/ကြိတ် ရည်ညွှန်းစျေးကိစ္စများနှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေးခဲ့ပါသည်။
ဆက်လက်၍ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်၊ မြန်မာနိုင်ငံဆန်စပါးကုန်သည်များအသင်း ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံဆန်စက်လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံ လက်လီရောင်းချသူများ အသင်း၊ ဝါးတန်းကုန်စည်ဒိုင်၊ ဘုရင့်နောင်ကုန်စည်ဒိုင်၊ ရွှေဘိုပေါ်ဆန်းစပါး စိုက်ပျိုးထုတ်လုပ်သူများအသင်း၊ ဧရာဝတီ၊ မြောင်းမြ၊ ဖျာပုံ ဆန်စက်ပိုင်ရှင်အသင်းများမှ အသီးသီး ဆွေးနွေးခဲ့ကြပြီး စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီး/ပြည်နယ် ဦးစီးမှူးများမှ မြေပြင်အခြေအနေများအား ဖြည့်စွက်ဆွေးနွေးခဲ့ကြပြီး ဒုတိယညွှန်ကြားရေးမှူးချုပ်မှ လိုအပ်သည်များအား ဖြည့်စွက်မှာကြားခဲ့ကာ အစည်းအဝေးအား နေ့လယ်(၁၂း၄၅) နာရီအချိန်တွင် ပြီးမြောက်ခဲ့ကြောင်း သိရှိရပါသည်။
DOCA(တနင်္သာရီ)