စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ ဘားအံခရိုင်ဦးစီးမှူး ဦးမျိုးဝင်းနိုင်နှင့် ဝန်ထမ်းများသည် ၅-၉-၂၀၂၄ ရက်၊ ကြာသပတေး နံနက် ၁၀:၃၀ နာရီအချိန်တွင် ကရင်ပြည်နယ်၊ ဘားအံမြို့ရှိ စိုက်ပျိုးရေးနှင့်မွေးမြူရေးသိပ္ပံကျောင်းရှိ ဆရာ၊ဆရာမများ (ကျောင်းသား၊ကျောင်းသူ)များအား စားသုံးသူကာကွယ်ရေးဆိုင်ရာ သိကောင်းစရာအကြောင်းကို အသိပညာပေးဟောပြောခဲ့ကြောင်း သိရှိရသည်။
အဆိုပါဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ ဘားအံခရိုင် ဦးစီးမှူး ဦးမျိုးဝင်းနိုင်က ကမ္ဘာစားသုံးသူအခွင့်အရေးများနေ့ဖြစ်ပေါ်လာပုံ သမိုင်းအကြောင်းနှင့် စားသုံးသူရေးရာဦးစီးဌာန၏ မျှော်မှန်းချက်၊ ရည်မှန်းချက်များအကြောင်း၊ စားသုံးသူကာကွယ်ရေးအကြောင်း သိကောင်းစရာများနှင့် ထုတ်ကုန်လုံခြုံစိတ်ချမှုရှိသော အစားအသောက်နှင့်ကုန်စည်များကို စနစ်တကျရွေးချယ်ဝယ်ယူ စားသောက်သုံးစွဲတတ်စေရန်အတွက် ကုန်အညွှန်းအမှတ်အသားအကြောင်းကို Power Point ဖြင့် ကျောင်းသား၊ ကျောင်းသူများကို လွယ်ကူစွာ သိရှိနိုင်ရန် ရှင်းလင်းပြောကြားခဲ့ကာ ဆရာ၊ ဆရာမ (၁၂) ဦး၊ ကျောင်းသား၊ ကျောင်းသူများ (၁၁၄)ဦး၊ စုစုပေါင်း ဦးရေ(၁၂၆) တက်ရောက်ပြီး လက်ကမ်းစာစောင်များလည်း ဖြန့်ဝေခဲ့ကြောင်း သိရှိရပါသည်။
DOCA(ကရင်)