မော်လမြိုင်မြို့နယ်တွင် ဆေးနှင့်ဆေးပစ္စည်းများ ပြတ်လပ်မှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေး

Powered by Drupal

       ၅.၉.၂၀၂၄ ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်၊ ပြည်နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် မော်လမြိုင်မြို့နယ်အတွင်းရှိ ဇာနည်သျှမ်းဆေးဆိုင်၊ ဦးဖေကြည်ဆေးဆိုင်၊ ဦးဘဲလူးဆေးဆိုင်၊ ဖိုးလပြည့်ဆေးဆိုင်နှင့် သကြားရေစင်ဆေးဆိုင်တို့အား ဆေးနှင့် ဆေးပစ္စည်းများ ပြတ်လပ်မှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

    ထိုသို့ ကွင်းဆင်းစစ်ဆေးရာ မွန်ပြည်နယ်အတွင်း ပစ္စည်းပြတ်လပ်လျက်ရှိသော ဆေးဝါးအများစုမှာ သွေးကျဆေးအုပ်စုဖြစ်ပါကြောင်း၊ ၁% မျှပြတ်လပ်လျက်ရှိကြောင်း၊ မွန်ပြည်နယ် အတွင်းဆေးများမှာ ရန်ကုန် မြို့ရှိ ဆေးကုမ္ပဏီများမှ မှာယူခြင်းဖြစ်ပြီး မှာယူသည့်ပမာဏထက် ရာခိုင်နှုန်းအနည်းငယ်သာရရှိခြင်းကြောင့် အနည်းငယ်ပြတ်လပ်မှုဖြစ်ပေါ်လျက်ရှိကြောင်း၊ ဆေးနှင့်ဆေးပစ္စည်းများ သိုလှောင်ထားခြင်းမရှိကြောင်း သိရှိရပါသည်။

DOCA(မွန်)