ဘီးလင်းမြို့နယ်၊ နှင်းပုလဲကျေးရွာရှိ အ.မ.က နှင်းပုလဲ (ကွက်သစ်)ကျောင်း၌ စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောပွဲကျင်းပ

Powered by Drupal

     မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ် တာဝန်ခံရုံးမှ ဝန်ထမ်းများသည် (၅.၉.၂၀၂၄) ရက်နေ့တွင် ဘီးလင်းမြို့နယ် နှင်းပုလဲကျေးရွာရှိ အ.မ.ကနှင်းပုလဲ (ကွက်သစ်)ကျောင်း၌ စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောဆွေးနွေးပွဲ ကျင်းပခဲ့ပြုလုပ်ခဲ့သည်။

   အဆိုပါ ဟောပြောဆွေးနွးပွဲတွင် ကျောင်းအုပ်ဆရာကြီး ဦးလှမြင့်မှ အဖွင့်အမှာစကားပြောကြားပြီး ဘီးလင်းမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံရုံးမှ မြို့နယ်တာဝန်ခံ ဒေါ်ဇင်ဖြူဝင်း(ဦးစီးမှူး)မှ ဌာန၏ လက်ရှိအချိန်တွင် ဆောင်ရွက်နေသော လုပ်ငန်းတာဝန်များကို ဦးစွာပထမ ဟောပြောရှင်းလင်း၍ ကုန်ညွှန်းအမှတ်အသား ပြည့်စုံမှသာလျှင် စိတ်ချယုံကြည်စွာ ရွေးချယ်ဝယ်ယူအသုံးပြုတတ် စေရန် ကုန်ညွှန်းအမှတ်အသားများအကြောင်း အကျယ်တဝင့်ရှင်းလင်းဟောပြောပြီးနောက် စားသုံးသူရေးရာဦးစီးဌာန၊ သထုံခရိုင်ဦးစီးမှူးရုံးမှ ဒုတိယဦးစီးမှူး ဦးစည်သူက စားသုံးသူတိုင်းရယူခွင့်ရှိသော စားသုံးသူအခွင့်အရေး(၈)ချက်၊ လိုက်နာရမည့်တာဝန် (၄) ရပ်တို့ကိုဟောပြောဆွေးနွေး၍ စားသုံးသူများ နစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ်လာပါက တိုင်ကြားနိုင်သည့် စားသုံးသူရေးရာဦးစီးဌာနသို့ တိုင်ကြားနိုင်ကြောင်း ဟောပြောဆွေးနွေး ခဲ့သည်။

   အဆိုပါ အသိပညာပေးဟောပြောပွဲသို့ ကျောင်းအုပ်ဆရာကြီး ဦးလှမြင့်နှင့် ဆရာ/ဆရာမ (၈) ဦး၊ ကျောင်းသား/ ကျောင်းသူ (၇၀) ဦးတို့တက်ရောက်၍ ဌာနမှ လက်ကမ်းစာစောင်များအား ​ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(မွန်)