သတင်းမိဒီယာဌာနများမှ ဖော်ပြခဲ့သည့် “ဆန်ရည်ညွှန်းစျေး သတ်မှတ်ထားပေးမယ် စျေးမကျတဲ့အပြင် မှောင်ခိုစျေးကွက်ပါဖြစ်ပေါ်နေ” သတင်းနှင့် “စျေးကွက်အတွင်းဆေးဝါးများထပ်မံပြတ်လပ်နေ” ဟူသည့်သတင်းများ ဖော်ပြခဲ့မှုအပေါ် မိမိဒေသတွင် ဆန်စျေးကွက်နှင့် ဆေးဝါးစျေးကွက်များအား မြို့နယ်ကုန်စျေးနှုန်းတည်ငြိမ်ရေးလုပ်ငန်းအဖွဲ့ဖြင့် ၄.၉.၂၀၂၄ ရက်နေ့ နေ့လယ်(၁၄:၀၀) အချိန်တွင် ကော့သောင်း မြို့ပေါ်ရှိ ဆန်အရောင်းဆိုင်(၅)ဆိုင် နှင့် ဆေးဆိုင်(၅) ဆိုင်တို့အား မြေပြင်ကွင်းဆင်းစစ်ဆေးကြပ်မတ် ဆောင်ရွက်ခဲ့ပါသည်။
အဆိုပါ ကွင်းဆင်းစစ်ဆေးခြင်းတွင် ကော့သောင်းခရိုင် စားသုံးသူရေးရာဦးစီးဌာန၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ မြို့နယ်စီမံအုပ်ချူပ်ရေးအဖွဲ့၊ ခရိုင်ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့နှင့် အတူပူးပေါင်း၍ ကွင်းဆင်းစစ်ဆေးရာတွင် လက်လီ/လက်ကား ဆန်အရောင်းဆိုင်များသည် ဒေသအတွင်းဖြစ်သင့်ဖြစ်ထိုက်သည့် သတ်မှတ်ရည်ညွှန်းစျေးနှုန်းဖြင့် ရောင်းချနေကြောင်း စိစစ်တွေ့ရှိရပြီး စျေးကွက်အတွင်း ဆေးဝါးများ ပြတ်လပ်မှုမရှိဘဲ ဆရာဝန်ညွှန်ကြားချက်ဖြင့်သာ ရောင်းချနေပါကြောင်း သိရှိရပါသည်။
DOCA(တနင်္သာရီ)