ထားဝယ်အထူးစီးပွားရေးဇုန် ၉/၂၀၂၄ စီမံခန့်ခွဲမှုကော်မတီအစည်းအဝေးသို့ တက်ရောက်

Powered by Drupal

    ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၆ ရက်နေ့၊ နံနက်(၁၀:၃၀)အချိန်တွင် ထားဝယ်အထူး စီးပွားရေးဇုန် ရန်ကုန်(ရုံးချုပ်)မှ ထားဝယ်အထူးစီးပွားရေးဇုန် Coordination Meeting ၉/၂၀၂၄ စီမံခန့်ခွဲမှုကော်မတီအစည်းအဝေးအား ကျင်းပခဲ့ရာ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးမှ Virtual ဖြင့် တက်ရောက်ခဲ့ပါသည်။

     အစည်းအဝေးတွင် ထားဝယ်အထူးစီးပွား‌ရေးဇုန် ဥက္ကဋ္ဌမှ ထားဝယ်ဇုန်အတွင်း ဝန်ထမ်များ ထပ်မံခန့်ထားခန့်ထားမှုအခြေအနေများ၊ ထားဝယ်ဇုန်တိုးတက်အောင်မြင်ရေးအတွက် ဆက်လက် ဆောင်ရွက်မည့်အခြေအနေများနှင့်ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းအသစ်အရ ဝန်ထမ်များပူးပေါင်း ဆောင် ရွက်ရမည့် အခြေအနေများနှင့် လိုအပ်သည်များကို တင်ပြပေးပါရန် မှာကြာခဲ့ပါသည်။

   ဆက်လက်၍ ထားဝယ်အထူးစီးပွားရေးဇုန်စီမံခန့်ခွဲမှုကော်မတီအဖွဲ့ဝင်များ၊  ဝန်ထမ်းများမှ ဆောင်ရွက်ရမည့်အ‌ခြေအနေများကို တင်ပြ‌ဆွေးနွေးခဲ့ရာ ထားဝယ်ဇုန်ဥက္ကဋ္ဌမှ ဖြေရှင်းဆောင်ရွက်ပေးခဲ့ပြီး အစည်းအဝေးအား နေ့လယ်(၁၂:၃၀)နာရီ အချိန်တွင် ရုပ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)