အထက်အကြီးအကဲများ၏ ညွှန်ကြားချက်အရ စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်း ဒေသကြီးလက်အောက်ရှိ အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒေါ်အေးအေးမော် (ဒုကြီးကြပ်ရေးမှူး)နှင့် ဝန်ထမ်းများသည် ပုဇွန်တောင်မြို့နယ် ဈေးစည်ပင်သာယာရေး ဝန်ထမ်းများနှင့် ပူးပေါင်း၍ ပုဇွန်တောင်ဈေးအတွင်းရှိ ဒို့ညီနောင်ဆန်ဆိုင်၊ အောင်သိဒ္ဓိဆန်ဆိုင်၊ အင်ကြင်းခိုင်ဆန်ဆိုင်တို့အား (၅.၉.၂၀၂၄) ရက်နေ့၊ နေ့လယ် (၁၃:၀၀) နာရီတွင် ရှောင်တခင် ကွင်းဆင်း စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာ ဖျာပုံပေါ်ဆန်း၊ ပုသိမ်ပေါ်ဆန်း၊ ဧရာဝတီပေါ်ဆန်း၊ ရွှေဘိုပေါ်ဆန်း၊ ဧည့်မထဆန်၊ ရက်(၉၀) စသည့် ဆန်များရောင်းချလျက်ရှိပြီး ပစ္စည်းပြတ်လပ်မှုမရှိစေရေး ဆောင်ရွက်ရန်နှင့် သတ်မှတ်စျေးနှုန်းထက် မြှင့်တင်ရောင်းချခြင်းမပြုရန် ဆွေးနွေးပြောကြားခဲ့ကြောင်း သိရပါသည်။
DOCA(ရန်ကုန်)