Odisha ၊ Balangir ခရိုင် Patnagarb ရှိ လယ်သမားများစိုက်ပျိုးထားသော ဆေးဖက်ဝင်၍ ဆန်းပြားသော နဂါးမောက်သီးများကို အစိုးရမှ ဒူဘိုင်းသို့ စက်တင်ဘာလ ၄ ရက်နေ့က တင်ပို့ရောင်းချခဲ့ပြီး လယ်သမားများ၏ ထုတ်ကုန်များအတွက် ဈေးနှုန်း ပိုမိုရရှိစေရေးအတွက် အစိုးရ၏ အစပျိုးမှုအဖြစ် တင်ပို့ခဲ့သည်။
Balangir ခရိုင် Patnagarph တွင် စိုက်ပျိုးထားသော နဂါးမောက်သီးများအား Odisha မှ Bhubaneswar ရှိ Biju Patnaik အပြည်ပြည်ဆိုင်ရာ လေဆိပ်ကုန်တင်ဂိတ်မှ ဒူဘိုင်းသို့ ပထမဆုံးအကြိမ် တင်ပို့ရောင်းချခဲ့သည်။ အစောပိုင်းတွင် Dhenkanal မှ သရက်သီးနှင့် Bolangir မှ parwal သီးများအား ပြည်ပသို့ တင်ပို့ခဲ့သည်ဟု တာဝန်ရှိသူများက ပြောကြားခဲ့သည်။ အစိုးရ သည် ယခုအခါ ဥယျာဉ်ခြံထွက်ပစ္စည်းများကို အာရုံစိုက်နေပြီး ယင်းအလေ့အကျင့်ကို မွေးမြူရန် လယ်သမားများအား အကြံပေးထားကြောင်း ကိုဗစ်ရောဂါကာလအတွင်း ချမှတ်ခဲ့သော ဆုံးဖြတ်ချက်ကြောင့် ယနေ့အချိန်တွင် အသီးအနှံများ ရရှိလာခဲ့ပြီး Indigo Cargo မှ တဆင့် ဒူဘိုင်းသို့ နဂါးမောက်သီး ၄၀၀ kg ကိုတင်ပို့ထားကြောင်း ဒုတိယဝန်ကြီးချုပ် KV Singh Deo မှ ပြောကြားခဲ့သည်။ အသီးအနှံများကို အော်ဂဲနစ်စနစ်ဖြင့် စနစ်တကျ စိုက်ပျိုးထားသောကြောင့် အခြားဓါတုဓါတ်မြေဩဇာများ အသုံးပြုစိုက်ပျိုးထားသော အသီးအနှံများထက် ပိုမိုလတ်ဆက်နေပြီး နဂါးမောက်သီးသည် ကျန်းမာရေးအတွက် အကျိုးပြုကာ ၎င်းကို စားသုံးခြင်းဖြင့် ကင်ဆာ၊ ဆီးချိုရောဂါနှင့် ဝမ်းချုပ်ခြင်း ကဲ့သို့သော ရောဂါများကိုလည်း ကာကွယ် ပေးနိုင်ကြောင်း Singh Deo မှ ဆက်လက်ပြောကြားခဲ့သည်။
ယနေ့ခေတ်တွင် ဥယျာဉ်ခြံထွက်ပစ္စည်းများသည် တစ်နေ့တခြား ဝယ်လိုအားများလာသည်နှင့်အမျှ လယ်သမားများမှာလည်း ရင်းနှီးမြှုပ်နှံမှုနည်းပြီး အချိန်တိုအတွင်း အကျိုးအမြတ်များ ပိုမိုရရှိလာနိုင်ကြသည်။ လာမည့်ရက်များတွင် Odisha မှ အရည်အသွေးမြင့် လယ်ယာထွက်ကုန်များအား ပြည်ပနိုင်ငံများသို့ ပိုမိုတင်ပို့နိုင်ရန် ရည်မှန်းထားကြောင်း စိုက်ပျိုးရေးနှင့် တောင်သူလယ်သမားများမြှင့်တင်ရေးဦးစီးဌာန အတွင်းရေးမှူး Arabinda Padhee က ပြောကြားခဲ့သည်။
Source : thestatcsman
DOCA(ရန်ကုန်)