![](http://www.doca.gov.mm/sites/default/files/styles/consumer_inner_image__847x424_/public/11.4_15.jpg?itok=yq6x3AZy)
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကွမ်းခြံကုန်းမြို့နယ် စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများ၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့်ပူးပေါင်း၍ ရုံးချုပ်၏ ညွှန်ကြားချက်အရ ကွမ်းခြံကုန်းမြို့နယ်အတွင်း ရောင်းချနေသော ဆေးဆိုင်များသို့ စက်တင်ဘာလ (၆)ရက်နေ့၊ နေ့လယ်(၁၃:၀၀)နာရီအချိန်တွင် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ကွမ်းခြံကုန်းမြို့နယ်အတွင်းရောင်းချနေသော ဆေးဆိုင်များအနက် ဦးစံရွှေ+ဒေါ်တင်အိဆေးဆိုင်၊ ထွန်းဝေဆေးဆိုင်၊ ကောင်းမြတ်ချမ်းသာဆေးဆိုင်တို့တွင် လူသုံးများသော ဆေးဝါးများဖြစ်သည့် ဆီးချိုသွေးချိုသမားများ နေ့စဉ်သောက်သုံးရသည့် သွေးထိန်းဆေး၊ ဆေးချိုကျဆေးများ အပါအဝင် ကျန်ဆေးဝါးများကိုလည်း ပြတ်လပ်မှုများ ရှိ/မရှိ၊ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းများ ရှိ/မရှိနှင့် ဈေးကစားရန်ရည်ရွယ်ချက်ဖြင့်သိုလှောင်ခြင်းများ ရှိ/မရှိစသည့်တို့ကို ဆေးဆိုင်ပိုင်ရှင် လုပ်ငန်းရှင်များနှင့် သွားရောက်တွေ့ဆုံ၍ အသိပညာပေးကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
DOCA(ရန်ကုန်)