ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်ခရိုင်၊ ဒေါပုံမြို့နယ်၊ သာကေတမြို့နယ်၊ ဗိုလ်တထောင်မြို့နယ်အတွင်းရှိ စားသုံးသူပြည်သူများအဆင်ပြေစွာဖြင့် အလွယ်တကူဝယ်ယူနိုင်ရေးအတွက် စာအုပ်စနစ်ဖြင့် စားအုန်းဆီများဖြန့်ဖြူးရောင်းချနေမှု အခြေအနေအား ၇.၉.၂၀၂၄ ရက်နေ့ နံနက်(၀၉:၀၀)နာရီအချိန်တွင် တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးသိန်းထွန်း(ဌာနခွဲစာရေး)သည် မြို့နယ်များရှိ ရပ်ကွက်များတွင် အိမ်ထောင်စုတစ်ခုလျှင် စားအုန်းဆီ(၅၀)ကျပ်သားနှုန်းဖြင့်၊ တစ်ပတ် ၁ ခါ၊ နှစ်ပတ် ၁ ခါ၊ ၁ လတစ်ခါ စတင်ရောင်းချနေမှုအခြေအနေနှင့် စားသုံးသူပြည်သူများအခက်အခဲမရှိ စာအုပ်စနစ်ဖြင့် စနစ်တကျဝယ်ယူ စားသုံးနိုင်ရေးအတွက် သတ်မှတ်ဈေးနှုန်းဖြင့် ဖြန့်ဖြူးရောင်းချပေးကြရန် အသိပညာပေးပြောကြားခဲ့ပြီး စာအုပ်စနစ်ဖြင့် စားအုန်းဆီဝယ်ယူ/ရောင်းချနေမှုအခြေအနေအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။
DOCA(ရန်ကုန်)