ပါကစ္စတန်သို့ သစ်သီးအချိုရည်များ တင်ပို့ခဲ့သည့် ဗီယက်နမ်

Powered by Drupal

       ဇွန်လတွင် ပါကစ္စတန်နိုင်ငံရှိ ဗီယက်နမ်ကုန်သွယ်ရေးရုံးသည် ပါကစ္စတန် စီးပွားရေးလုပ်ငန်းများ၏ ကိုယ်စားလှယ်အဖွဲ့အား ဟိုချီမင်းမြို့တွင် ကျင်းပပြုလုပ်သည်။ 2024 International Supply Chain Connection ပွဲတော်အား ပါဝင်ရန် ဦးဆောင်လာခဲ့ကြောင်း သိရပါသည်။ တိုက်ရိုက်ရလဒ်အနေနှင့် ပါကစ္စတန်နိုင်ငံ၏ IMTIAZ စူပါမားကတ်လုပ်ငန်းသည် သရက်သီး၊ နာနတ်သီး၊ လိုင်ချီးသီး၊ စပျစ်သီး၊ ပန်းသီးနှင့် မာလကာသီး တို့ပါဝင်သည့် ဗီယက်နမ် သစ်သီးအချိုရည် ပထမအသုတ်ကို တင်သွင်းခဲ့ကြောင်း သိရပါသည်။ ပါကစ္စတန်ရှိ ဗီယက်နမ်ကုန်သွယ်ရေးအကြံပေးပုဂ္ဂိုလ်က IMTIAZ စူပါမားကတ်များသို့ ဖြန့်ဖြူးနိုင်ခြင်းသည် မည်သည့်ထုတ်ကုန် အတွက်မဆို ဂုဏ်ယူစရာဖြစ်ကြောင်းနှင့် သန်း ၂၄၀ ကျော်သော် ကြီးမားသည့် စားသုံးသူများသို့ ရောက်ရှိရန် လမ်းကြောင်းတစ်ခုဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ ၁၉၉၅ ခုနှစ်တွင် တည်ထောင်ခဲ့သည့် IMTIAZ သည် ပါကစ္စတန်၏ အကြီးမားဆုံး ရှေ့ဆောင် စူပါမားကတ် လုပ်ငန်းဖြစ်ပြီး နိုင်ငံရှိ မြို့ကြီးပေါင်း ၁၂ မြို့တွင် ဆိုင်ပေါင်း ၂၇ ဆိုင်ဖွင့်လှစ်ထားကြောင်း သိရပါသည်။ ထိုသို့တင်ပို့နိုင်ခြင်းသည် ဗီယက်နမ်၏ စိုက်ပျိုးရေးထွက်ကုန်များကို ပြုပြင် ထုတ်လုပ်သည့် လုပ်ငန်းကို မြှင့်တင်နိုင်သကဲ့သို့ များစွာသော စိုက်ပျိုးရေး ထုတ်ကုန်များအတွက် ဈေးကွက်အခွင့်အလမ်းအသစ်များကို ဖန်တီးနိုင်ကြောင်း သိရပါသည်။ ၂၀၂၄ ခုနှစ်၏ ပထမ ၇ လတာ ကာလတွင် ဗီယက်နမ်မှ ပါကစ္စတန်သို့ တင်ပို့မှုမှာ အမေရိကန်ဒေါ်လာ ၂၆၉ သန်းထိရှိခဲ့ပြီး လွန်ခဲ့သည့် နှစ်တူညီသည့်ကာလထက် ၂၅.၂% မြင့်တက်ခဲ့ကြောင်း သိရပါသည်။ ပါကစ္စတန်သည် ဗီယက်နမ်ထံမှ လက်ဖက်ခြောက်၊ ငရုတ်ကောင်း၊ သီဟိုဠ်စေ့နှင့် Pangasius ငါးအသားပြားများပါဝင်သည့် စိုက်ပျိုးမွေးမြူရေးထုတ်ကုန်များ၊ အဝတ်အထည်နှင့် ခြေအိတ်ကဲ့သို့သော လူသုံးကုန်များနှင့် မိုဘိုင်းဖုန်းကဲ့သို့သော နည်းပညာမြင့်ထုတ်ကုန်များအစရှိ သည့် များစွာသော ဗီယက်နမ်၏ ပို့ကုန်များအတွက် ဝယ်လိုအားမြင့်မားစွာရှိနေသောကြောင့် ဗီယက်နမ်၏ ပါကစ္စတန်ဈေးကွက်သို့ တင်ပို့ရာ အလားအလာမှာ ကြီးမားစွာရှိနေကြောင်း သိရပါသည်။ ထို့အပြင် ပါကစ္စတန်သည် အရည်အသွေး၊ နည်းပညာစံနှုန်း၊ တိရိစ္ဆာန်နှင့် အပင်ရောဂါမကူးရန် သီးခြားခွဲထားခြင်း၊ အစားအစာလုံခြုံစိတ်ချရမှု၊ သဘာဝပတ်ဝန်းကျင် ကာကွယ်ရေး၊ လုပ်သား လေ့ကျင့်မှုအတွက် တင်းကြပ်သည့် စည်းမျဉ်းလိုအပ်ချက်များ နည်းပါးသောကြောင့် ဈေးကွက်သို့ ဝင်ရောက်ရန် လွယ်ကူကြောင်း သိရပါသည်။ သို့သော် အခွင့်အလမ်းများသည် စိန်ခေါ်မှုများ နှင့်အတူ အမြဲလာလေ့ရှိပါသည်။ ပါကစ္စတန်သည် စားသုံးသူများက ဈေးနှုန်းနှင့်ပတ်သက်၍ ထိလွယ်ရှလွယ်ရှိသော ဖွံ့ဖြိုးဆဲနိုင်ငံတစ်ခုဖြစ်ပြီး ဗီယက်နမ်မှ တင်ပို့မည့် ကုန်ပစ္စည်းများသည် ဈေးနှုန်းနည်းပါးရမည်ဖြစ်ကြောင်းနှင့် ပါကစ္စတန်၏ e-commerce ကဏ္ဍသည်လည်း ကနဦး ဖွံ့ဖြိုးကာစအဆင့်သာရှိသေးကြောင်း သိရပါသည်။ အဆိုပါဈေးကွက်သို့ ဗီယက်နမ်ကုန်ပစ္စည်းများ တင်ပို့မှုမြှင့်တင်ရန် ပါကစ္စတန်ရှိ ဗီယက်နမ်ကုန်သွယ်ရေးရုံးသည် ပါကစ္စတန် စီးပွားရေးလုပ်ငန်းများအား မိတ်ဖက်များရှာဖွေရန် ဗီယက်နမ်၏ ကုန်စည်ပြပွဲများကို တက်ရောက်ရန် ပံ့ပိုးသင့်ကြောင်း သိရပါသည်။

Source: Vietnam Plus

DOCA(ရန်ကုန်)