ဈေးကွက်အသစ်များက ဗီယက်နမ်သစ်သို့ တင်ပို့မှုစံချိန်တင်မြင့်တက်ရန်တူညီ

Powered by Drupal

     များစွာသော ဈေးကွက်အသစ်များရရှိခဲ့ခြင်းကြောင့် ၂၀၂၄ ခုနှစ်၏ ပထမ ၈ လတွင် ဗီယက်နမ်သစ်သီးတင်ပို့မှုမှတဆင့် အမေရိကန်ဒေါ်လာ ၄.၆၃ ဘီလီယံ ရရှိခဲ့ပြီး လွန်ခဲ့သည့် နှစ်တူညီသည့်ကာလထက် ၃၀.၆% မြင့်တက်ခဲ့ကြောင်း သိရပါသည်။ ယခုနှစ်တွင် ဗီယက်နမ် သစ်သီးကဏ္ဍသည်များစွာသော ထုတ်ကုန်များဈေးကွက်သစ်များသို့ ဝင်ရောက်နိုင်ခဲ့ကြောင်း သိရပါသည်။ ကျွဲကောသီးများကို တောင်ကိုရီးယားနိုင်ငံသို့ တင်ပို့ခွင့်ရခဲ့ပြီး လတ်ဆက်သော အုန်းသီးများနှင့် အေးခဲထားသော ဒူးရင်းသီးများကို တရုတ်နိုင်ငံသို့ တရားဝင် တင်ပို့ခွင့်ရခဲ့ကြောင်း သိရပါသည်။ အဆိုပါထုတ်ကုန်များ ဈေးကွက်များသို့ တရားဝင် တင်ပို့ခွင့်ရခြင်းသည် တင်ပို့ရာ ဈေးကွက်များနှင့် ထုတ်ကုန်များ ကွဲပြားရန် ကူညီပေးပြီး ဗီယက်နမ်သစ်သီးများဖြင့် ကြီးမားသော တန်ဖိုးမြင့် ထုတ်ကုန်များထုတ်လုပ်နိုင်စေကြောင်း သိရပါသည်။ အကယ်၍ ဗီယက်နမ်သည် ဈေးကွက်အခွင့်အလမ်းများ၏ အကျိုးကျေးဇူးကို အသုံးချနိုင်ပါက သစ်သီး လုပ်ငန်းသည် ယခုနှစ်တွင် ပိုမိုကြီးထွားရန် ခန့်မှန်းရကြောင်း သိရပါသည်။ ယခုနှစ်၏ ပထမ ၇ လတာကာလတွင် ဒူးရင်းသီးတင်ပို့မှုမှတဆင့် အမေရိကန်ဒေါ်လာ ၁.၇ ဘီလီယံရရှိခဲ့ပြီး သစ်သီးတင်ပို့မှုမှတဆင့် စုစုပေါင်းရရှိခဲ့သည့် ဝင်ငွေပမာဏ၏ ၄၁% ရှိကြောင်း သိရပါသည်။ ထို့ပြင် ယခုနှစ်တွင် အေးခဲထားသော ဒူးရင်းသီတင်ပို့မှုမှတဆင့် အမေရိကန်ဒေါ်လာ သန်း ၄၀၀~၅၀၀ ကြားရရှိမည်ဟု ခန့်မှန်းရပြီး ၂၀၂၅ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၁ ဘီလီယံထိရရှိရန် မျှော်လင့်ရကြောင်းသိရပါသည်။ စိုက်ပျိုးမွေးမြူရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန၏ ဒုတိယဝန်ကြီးဖြစ်သူ Phung Duc Tien က အေးခဲထားသော ဒူးရင်းသီးများ တရားဝင်တင်ပို့ခွင့်ရရှိခြင်းသည် သိသာထင်ရှားသည့် အကျိုးကျေးဇူးရရှိခဲ့ပြီး သစ်သီးကဏ္ဍကို ထုတ်ကုန်များ ကွဲပြားစွာ ရရှိစေရန်နှင့် ပိုမိုမြင့်မားသည့် တန်ဖိုးများ ရရှိစေရန် ကူညီပေးနိုင် မည်ဟု ပြောကြားခဲ့ပါသည်။ ဗီယက်နမ်နိုင်ငံသစ်သီးနှင့် ဟင်းသီးဟင်းရွက်အသင်း၏ အတွင်းရေးမှူးချုပ်ဖြစ်သူ Dang Phue Nguyen ကအေးခဲ့ထားသော ဒူးရင်းသီးများ တင်ပို့မှုသည် ထုတ်လုပ်မှုမျှတစေရန်၊ ဈေးနှုန်းတည်ငြိမ်စေရန်နှင့် စိုက်ပျိုးရေးသမားများနှင့် စီးပွားရေးလုပ်ငန်းများအတွက် ဝင်ငွေတိုးမြင့်ရရှိရန် ကူညီပေးနိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ ၂၀၂၃ ခုနှစ်တွင် တရုတ်နိုင်ငံသည် လတ်ဆက်သော ဒူးရင်းသီး အမေရိကန်ဒေါ်လာ ၆.၇ ဘီလီယံ တန်ဖိုးပမာဏနှင့် အေးခဲထားသော ဒူးရင်းသီး အမေရိကန်ဒေါ်လာ ၁ ဘီလီယံ တန်ဖိုး တင်သွင်းခဲ့ကြောင်း သိရပါသည်။ အေးခဲထားသော ဒူးရင်းသီးအား တရုတ်နိုင်ငံသို့ တရားဝင် တင်ပို့ခွင့်ရရှိခြင်းသည် ဗီယက်နမ်စီးပွားရေးလုပ်ငန်းများအတွက် အခြေခံအဆောက်အအုံ အေးခဲခြင်းနှင့် ပြုပြင်ထုတ်လုပ်ခြင်း၊ နည်းပညာတို့တွင် ရင်းနှီးမြှုပ်နှံရန် အခွင့်အလမ်းရရှိစေမည်ဖြစ်ကြောင်း သိရပါသည်။

Source: Vietnam Plus      

DOCA(ရန်ကုန်)