နှစ်တစ်နှစ်၏ နောက်ဆုံးလများသည် စားသုံးသူများက နှစ်သစ်အတွက် ၎င်းတို့နေအိမ်များကို ပြုပြင်ခြင်းများလုပ်ဆောင်လေ့ရှိသောကြောင့်် ဗီယက်နမ်သစ်လုပ်ငန်းအတွက် တင်ပို့ရန် မှာယူမှုများ အရှိန်မြှင့်ရောက်ရှိလာနိုင်ကြောင်း သိရပါသည်။ ဗီယက်နမ်နိုင်ငံ၊ သစ်တောဦးစီးဌာန ၏ ဒုတိယညွှန်ကြားရေးမှူးဖြစ်သူ Trieu Van Lue ၏ အဆိုအရ စိုက်ပျိုးမွေးမြူရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးသည် ယခုနှစ်တွင် သစ်နှင့်သစ်ထုတ်ကုန်များ တင်ပို့ မှုမှတစ်ဆင့် အမေရိကန်ဒေါ်လာ ၁၄.၂ ဘီလီယံဖြင့် လွန်ခဲ့သည့်နှစ် တူညီသည့်ကာလထက် ၆ ရာခိုင်နှုန်း မြင့်တက်ရန် ရည်ရွယ်ထားကြောင်း သိရပြီး ယခုအခါ ရည်မှန်းချက်၏ ၆၇ ရာခိုင်နှုန်း ပြည့်မြောက်ခဲ့ပြီဟု သိရပါသည်။ သစ်လုပ်ငန်းနယ်ပယ်မှ ကျွမ်းကျင်ပညာရှင်များ၏ အဆိုအရ အဓိက တင်ပို့ရာ ဈေးကွက်များသည် လွန်ခဲ့သည့်နှစ် တူညီသည့်ကာလနှင့်နှိုင်းယှဉ်ပါက အပေါင်းလက္ခဏာဆောင် သည့် ကြီးထွားမှုပြခဲ့ကြောင်း သိရပါသည်။ ယခုနှစ်၏ ပထမ(၈)လတွင် ဗီယက်နမ်နိုင်ငံထံမှ သစ်ကို အဓိကတင်သွင်းသူဖြစ်သည့် အမေရိကန်သည် အမေရိကန်ဒေါ်လာ ၅.၅ ဘီလီယံဖိုး တင် သွင်းခဲ့ကြောင်း သိရပါသည်။ ၎င်းတို့၏နောက်တွင် တရုတ်က အမေရိကန်ဒေါ်လာ ၁.၅ ဘီလီယံ တန်ဖိုးနှင့် ဂျပန်က အမေရိကန်ဒေါ်လာ ၉၆၁ သန်းတန်ဖိုး တင်သွင်းခဲ့ကြောင်း သိရပါသည်။ သစ်လုပ်ငန်းကဏ္ဍသည် ကျွမ်းကျင်မှုရှိသော လုပ်သားထု၊ များပြားသည့် သစ်များထောက်ပံ့နိုင်စွမ်းနှင့် ဥပဒေအရ တရားဝင်သော သစ်ထုတ်ကုန်များအား ထုတ်လုပ်နိုင်စွမ်းကြောင့် တင်ပို့ရန်အချက်များ ရှိနေသေးကြောင်း သိရပါသည်။ သို့သော် ဗီယက်နမ်နိုင်ငံ၊ သစ်နှင့်သစ်တောထုတ်ကုန်များအသင်း၏ ဥက္ကဌဖြစ်သူ Do Xuan Lap က ဥရောပ၊ အမေရိကန်၊ ဂျပန်နှင့် တောင်ကိုရီးယား အစရှိသည့် အဓိကဈေးကွက်များတွင် ရင်ဆိုင်နေရသည့် ပြည်တွင်းလုပ်ငန်းများအား ပြည်ပယှဉ်ပြိုင်မှုမှ ကာကွယ် သည့်ဝါဒနှင့် စီးပွားရေးအခက်အခဲများနှင့်ပတ်သက်၍ ပြောကြားခဲ့ကြောင်း သိရပါသည်။ ထို့ပြင် ပင်လယ်မှတစ်ဆင့် သစ်အကြမ်းထည်များကို သင်္ဘောဖြင့်တင်ပို့ဈေးနှုန်းမှာ လွန်ခဲ့သည့်နှစ် တူညီသည့်ကာလနှင့် နှိုင်းယှဉ်ပါက မြင့်တက်ခဲ့ကြောင်း သိရပါသည်။ ဈေးကွက်အခွင့်အလမ်း များ နှင့် အခွင့်အရေးများအား လက်ကျန်လများတွင် ရယူနိုင်ရန်အတွက် ဗီယက်နမ်သစ်လုပ်ငန်း နယ်ပယ်သည် အဓိကဒေါက်တိုင်(၅)ခုဖြစ်သည့် နည်းပညာဖြေရှင်းချက်နှင့် ထုတ်လုပ်မှု နည်းပညာ၊ ကာဗွန်ထွက်ရှိမှုလျှော့ချခြင်း၊ ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းခြင်း၊ ဈေးကွက်ဖွံ့ဖြိုး တိုးတက်ရေးနှင့် လုပ်ငန်းများနှင့်အတွင်းပိုင်းစောင့်ကြည့်စစ်ဆေးရေးစံနှုန်းများထူထောင်ခြင်းတို့ အပေါ် အခြေခံ၍ ၎င်းတို့၏ ယှဉ်ပြိုင်နိုင်စွမ်းကို တိုးမြှင့်သင့်သည်ဟု Lap က အကြံပြုခဲ့ကြောင်း သိရပါသည်။
Source: Vietnam Plus
DOCA(ရန်ကုန်)