ဆိပ်ဖြူကြက်သွန်နီ စက်တင်ဘာလ(ပထမပတ်)ဈေးနှုန်းဈေးကွက်

Powered by Drupal

       မကွေးတိုင်းဒေသကြီး၊ ဆိပ်ဖြူကြက်သွန်နီဈေးကွက်သို့ စက်တင်ဘာလ(ပထမပတ်)တွင် ဆိပ်ဖြူမြို့ဒေသတွင်းကျေးရွာအနှံ့အပြားနှင့် ပွင့်ဖြူ၊ စလင်း၊ တညောင်၊ ချောက်မြို့နယ်အတွင်းရှိ ကျေးရွာများမှ ကုန်ချိန်အများအပြားဝင်ရောက်လျက်ရှိကြောင်း၊ စက်တင်ဘာလ(ပထမပတ်)တွင် ပွဲရုံဈေးကွက်သို့ ကြက်သွန်နီကုန်ချိန်  တစ်ပတ်အတွင်း ပိဿာ(၃)သိန်းခွဲခန့်ဝင်ရောက်ကြောင်း ဈေးကွက်မှသိရှိရသည်။

         ဈေးကွက်အနေဖြင့် ကြက်သွန်နီဈေးနှုန်းမြင့်တက်ခြင်းမရှိကြောင်း၊ ၂၀၂၄ခုနှစ်၊ စက်တင်ဘာလ (ပထမပတ်)တွင် ကြက်သွန်နီ(ဂျွန်) ထိပ်စအမြင့်ဈေးတစ်ပိဿာလျှင် ကျပ်(၁၈၀၀ မှ ၁၇၀၀)၊ အလတ်စ ကျပ်(၁၆၅၀ မှ ၁၆၀၀)၊ အသေးစ ကျပ်(၁၅၀၀ မှ ၁၄၀၀) ဈေးအသီးသီးဖြင့် အရောင်းအဝယ်ဖြစ်ပြီး ဩဂုတ်လ (စတုတ္ထပတ်)တွင် ကြက်သွန်နီ(ဂျွန်) ထိပ်စအမြင့်ဈေး တစ်ပိဿာလျှင် ကျပ်(၂၀၀၀ မှ ၁၈၀၀)၊ အလတ်စ ကျပ်(၁၈၀၀ မှ ၁၆၀၀)၊ အသေးစ ကျပ်(၁၅၀၀ မှ ၁၄၀၀)ဖြစ်၍ ယခင် ယခုဈေးနှုန်းတို့ကိုနှိုင်းယှဉ်ပါက ကြက်သွန်နီတစ်ပိဿာလျှင် ကျပ်(၂၀၀)ခန့်ဈေးကျပြီး အရောင်းအဝယ်ဖြစ်ကြောင်း၊ ပွဲရုံမှတစ်ဆင့် အရည်အသွေး၊ အရွယ်အစားအလိုက် သန့်စင်ပြီးကြက်သွန်နီများကို တစ်ပိဿာလျှင် ကျပ်(၂၃၀၀-၁၉၀၀)လက်ကား ဈေးဖြင့် ဒေသအနှံ့အပြားသို့ဖြန့်ဖြူးလျက်ရှိကြောင်း၊ ဒေသတွင်းနယ်မြေအခြေအနေနှင့် ပြည်ပဝယ်လိုအားနည်းခြင်းကြောင့် ကြက်သွန်နီဈေးနှုန်းများကျဆင်းလျက်ရှိကြောင်း ဈေးကွက်မှ သိရှိရသည်။

    ကုန်စည်စီးဆင်းမှုအနေဖြင့် ပြည်တွင်း ရန်ကုန်ဘုရင့်နောင်ပွဲရုံ၊ ပြည်၊ ပုသိမ်မြို့နှင့် မော်လမြိုင်၊ မြဝတီမြို့များမှတစ်ဆင့် ထိုင်း၊ ဗီယက်နမ်နိုင်ငံများသို့တင်ပို့လျက်ရှိပြီး စက်တင်ဘာလ(ပထမပတ်)တွင်  ဆိပ်ဖြူမြို့မှ ကြက်သွန်နီကုန်ချိန်ပိဿာ (၃)သိန်းခွဲ၊ တန်ချိန်အားဖြင့် (၅၇၁)တန်ခန့်ကုန်စည်စီးဆင်းခဲ့ကြောင်း ဈေးကွက်မှသိရှိရပါသည်။

DOCA(မကွေး)