မုံရွာမြို့တွင် မတ်ပဲများဈေးကောင်းရ

Powered by Drupal

          စစ်ကိုင်းတိုင်းဒေသကြီး၊ စိုက်ပျိုးရေးဦးစီးဌာန၏ စာရင်းများအရ ၂၀၂၀ -၂၀၂၁ ဘဏ္ဍာနှစ်တွင် မတ်ပဲစိုက်ဧက(၁၇၆၁၀၂) ဧကစိုက်ပျိုးခဲ့ပြီး ၂၀၂၁ -၂၀၂၂ ဘဏ္ဍာနှစ်တွင် မတ်ပဲစိုက်ဧက(၁၇၂၆၆၉) ဧကစိုက်ပျိုးကြောင်း၊ ယခင်နှစ်နှင့်နှိုင်းယှဉ်လျှင် စိုက်ဧက(၃၄၃၃)ဧက လျော့နည်းစိုက်ပျိုးပါကြောင်း၊ တစ်ဧကစိုက်ပျိုးထုတ်လုပ်မှုကုန်ကျစရိတ်မှာ(၁၈၁၂၀၀)ခန့် ကုန်ကျ ပါကြောင်း၊ ပေါက်ဈေးအနေဖြင့် တစ်တင်းလျှင်(၄၆၀၀၀)ကျပ်ရရှိကြောင်း၊ တစ်ဧကပျမ်းမျှ အထွက်နှုန်းအနေဖြင့် (၁၆)တင်းခန့် ထွက်ရှိပါကြောင်း၊ တစ်ဧကဝင်ငွေအနေဖြင့် (၇၃၆၀၀၀)ကျပ် ရရှိသဖြင့် တစ်ဧက အကျိုးအမြတ်အားဖြင့် (၅၅၄၈၀၀)ကျပ်ရရှိသဖြင့် တောင်သူများအတွက် တွက်ချေကိုက်သည့် သီးနှံဖြစ်ကြောင်း၊ ချောင်းဦးမြို့နယ်ရှိ ကြောင်ဝပ်ကြီးကျေးရွာနှင့် ကျက်သွန်ဈေးကျေးရွာများရှိ တောင်သူများထံမှ သိရှိရသည်။