ဆေးဝါး၊ အစားအစာနှင့် စက်မှုကဏ္ဍများတွင် ဝယ်လိုအားတိုးလာခြင်းကြောင့် လွန်ခဲ့သောသုံးနှစ်အတွင်း Gelatine (Gelatine သည် ဘေးကင်းသောထုတ်ကုန်တစ်မျိုးဖြစ်သည့် ကော်လဂျင်စိမ်းမှရရှိသော သဘာဝပရိုတင်းတစ်မျိုးဖြစ်ပြီး အမိုင်နိုအက်ဆစ်ဆယ်ရှစ်မျိုးပါဝင်ကာ တချို့မှာ ကျန်းမာရေးနှင့်ညီညွတ်သော အစားအသောက်များတွင် မရှိမဖြစ်လိုအပ်သော အစိတ်အပိုင်းတစ်ခုဖြစ်သည်) တင်သွင်းမှုမြင့်တက်လာခဲ့ကြောင်း မလေးရှားနိုင်ငံ၏ တိရိစ္ဆာန်ဆေးကုဌာန၏ အဆိုအရသိရသည်။ သွင်းကုန် ၂၉၅၀၀၀ကီလိုဂရမ်မှ ၂၀၂၃ခုနှစ်တွင် ၁.၅၈သန်း ကီလိုဂရမ်အထိ ၄၁.၇% တိုးလာကြောင်း ညွှန်ကြားရေးမှူးချုပ် Akma Ngah Hamid က ပြောကြားခဲ့သည်။
မလေးရှားနိုင်ငံ၏ Gelatine အဓိကတင်သွင်းသောရင်းမြစ်မှာ ပါကစ္စတန်၊ ဘင်္ဂလားဒေ့ရှ်နှင့် အိန္ဒိယနိုင်ငံတို့ဖြစ်သည်။ Gelatine အပါအဝင် တိရိစ္ဆာန်ထွက်ကုန်ပစ္စည်းများကို မလေးရှားသီးသန့်ခွဲထွက်ရေးနှင့် စစ်ဆေးရေးဌာန (Maqis) ၏ ခွင့်ပြုချက်ဖြင့်သာ တင်သွင်းနိုင်မည်ဟု Akma က ပြောကြားခဲ့သည်။ ထုတ်ကုန်များအား မလေးရှားနိုင်ငံအတွင်းသို့မပို့ခင် သွင်းကုန်လိုအပ်ချက်များပြည့်မီစေရန် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ လိုက်နာရမည့် အစီအမံများကို Maqis မှ နိုင်ငံ၏သွင်းကုန်ပါမစ်များနှင့် ကုန်ပစ္စည်းများစစ်ဆေးခြင်းအားဖြင့် စောင့်ကြည့်သွားမည်ဖြစ်ကြောင်း သူမက ဆက်လက်ပြောကြားခဲ့သည်။
ပြီးခဲ့သောနှစ် ဇွန်လတွင် ပါကစ္စတန်မှ Gelatine ၁၈တန်ကို Selangor Maqis က Port Klang မှတစ်ဆင့် မှောင်ခိုတင်သွင်းစဉ် ဖမ်းဆီးရမိခဲ့သည်။ Selangor Maqis ဒါရိုက်တာ Sobri Md Hashim RM ၆၃၅၀၀၀ကျော်တန်ဖိုးရှိသည့် Gelatine များသည် သွင်းကုန်ပါမစ်တွင် သတ်မှတ်ထားသည့် အခြေအနေများနှင့်မကိုက်ညီကြောင်းပြောကြားခဲ့သည်။ ၎င်း Gelatine များအား ပြည်တွင်းရှိ စက်မှုလုပ်ငန်းများတွင် အသုံးပြုရန်အတွက်ရည်ရွယ်ရန် တင်သွင်းကြခြင်းဖြစ်ကြောင်းသိရပါသည်။
Source : Freemalaysiatoday
DOCA(ရန်ကုန်)