ညောင်တုန်း ဈေးဆိုင်များအား ပူးပေါင်းစစ်ဆေးရေးအဖွဲ့ဖြင့် ကွင်းဆင်းစစ်ဆေး

Powered by Drupal

   ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့ စားသုံးသူရေးရာဦးစီးဌာနနှင့်အတူ (၉.၉.၂၀၂၄) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် ညောင်တုန်းမြို့ပေါ်ရှိ ဆေးဆိုင် (၈)ဆိုင်တွင် ရောင်းချနေသော ဆေးဝါးများ ဖြစ်ပေါ်မှု ဈေးကွက်အခြေအနေများကို ကွင်းဆင်းစစ်ဆေးခဲ့သည်။

     ထိုသို့ကွင်းဆင်းစစ်ဆေးမှုအရ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးအောင်လွင်နှင့် မြို့နယ်အစားအသောက်နှင့် ဆေးဝါးကြီးကြပ်မှု ကော်မတီအဖွဲ့၊ ပူးပေါင်းစစ်ဆေးရေးဌာနစုံအဖွဲ့သည် ညောင်တုန်းမြို့အတွင်းရှိ  ဆေးဝါးများ ပြတ်လပ်မှု ရှိ/မရှိကိုစစ်ဆေးခြင်း၊ ရောင်းချသည့် ဈေးနှုန်းအခြေအနေများကို မေးမြန်းခြင်း ဆေးဆိုင်များတွင် ဆေးနှင့်ဆေးပစ္စည်းများ ပြတ်လပ်ခြင်းမရှိသော်လည်း ထပ်မံမှာယူရသော ဆီးချိုဆေးနှင့် သွေးကျဆေးများ မှာယူရာတွင် ကြန့်ကြာခြင်းမျိုးသာရှိပြီး ဆေးနှင့်ဆေးပစ္စည်း ဈေးနှုန်းများသည်လည်း ယခင်အပါတ်က အနည်းငယ်တက်သော်လည်း ယနေ့ဆေးဈေးနှုန်း တည်ငြိမ်လျက်ရှိကြောင်း စစ်ဆေးတွေ့ရှိရပါသည်။ 

DOCA(ဧရာဝတီ)