ဓနုဖြူ မြို့နယ်အတွင်း ဆန်ဈေးနှုန်း၊ ဈေးကွက်ဖြစ်ပေါ်မှု အခြေအနေများအား ကွင်းဆင်းစစ်ဆေး

Powered by Drupal

     ဧရာဝတီတိုင်းဒေသကြီး၊ ဓနုဖြူမြို့နယ်တွင် စျေးကွက်အတွင်း ဖြန့်ဖြူးရောင်းချနေသည့် ဆန်ဆိုင်များ စျေးနှုန်းမြှင့်တင်ရောင်းချမှု မရှိစေရေးအတွက် ၆.၉.၂၀၂၄ ရက်နေ့၊ ညနေ (၁၆:၀၀) နာရီက တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးသည်။

     ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ဓနုဖြူမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ခံ ဦးဝင်းမင်းစိုး၊ ​စည်ပင်သာယာရေးအဖွဲ့နှင့် တာဝန်ရှိသူများ ပူးပေါင်း၍ ဓနုဖြူမြို့ပေါ်ရှိ  ဒေါ်ရွှေဆန်ဆိုင် (၇)ရပ်ကွက်၊ အောင်ကမ္ဘာဆန်ဆိုင် မြို့မဈေး၊ စွမ်းဆန်ဆိုင် မြို့မဈေး ဆန်ဆိုင်ကြီးများ၊ ဆန်ဂိုထောင်များတွင် ဆန်လက်ကျန် ပေါင် (၁၀၈) အိတ်၊ ပေါင် (၁၀၀) အိတ်၊ ပေါင် (၅၀) အိတ်၊ ပေါင် (၂၅) အိတ် အရေအတွက်များ၊ အခြားဒေသနယ်ထွက် ပေါ်ဆန်း၊ ရွှေဘိုပေါ်ဆန်း၊ ဧည့်မထအုပ်စု ဆန်အမျိုးအစားများနှင့် လက်ရှိရောင်းချနေသည့် စျေးနှုန်းများကို စစ်ဆေးခဲ့ပြီး သတ်မှတ်စျေးနှုန်းများထက် ကျော်လွန်၍ ရောင်းချခြင်း ရှိ/မရှိကို စစ်ဆေးခြင်း ဓနုဖြူမြို့နယ်တွင် စပါး/ဆန်သိုလှောင်မှုအနေဖြင့် ဆန်စက်သိုလှောင်ရုံ ၅၅လုံး မှတ်ပုံတင်ပြီးကြောင်း နှင့် စပါးသိုလှောင်ရုံ ၂၈လုံး မှတ်ပုံတင်ထားရှိပြီး စုစုပေါင်း ၈၃ မှတ်ပုံတင်ထားပြီးဖြစ်ကြောင်း စစ်ဆေးတွေ့ရှိသည်။  အခြားဆန်သိုလှောင်ရုံ များကျန်ရှိပါက “Myanmar Rice Online - MyRO သိုလှောင်မှု မှတ်ပုံတင်လုပ်ငန်းကို ဆောင်ရွက်ရန် အသိပေးပြောကြားခဲ့ပြီး ဆိုင်ရှင်များရောင်းချနေသော ဆန်များ သတ်မှတ်ရည်ညွှန်းဈေးထက်ကျော်လွန် ရောင်းချမှုမရှိပဲ သတ်မှတ်ရည်ညွှန်းဈေးအပေါ် ဒေသထွက်ဆန်များကို အမြတ်၅ ရာခိုင်နှုန်းဖြင့် ရောင်းချခြင်း၊ အခြားဒေသမှာယူရောင်းချသော ပေါ်ဆန်းဆန်များကို သတ်မှတ်ရည်ညွှန်းဈေးဖြင့်သာ ဈေးနှုန်းကဒ်ပြားများဖြင့် ရောင်းချနေသည်ကို စစ်ဆေးတွေ့ရှိရကြောင်း သိရသည်။

DOCA(ဧရာဝတီ)