ပန်းတနော်မြို့နယ်အတွင်း ရောင်းချနေသော ဆေးနှင့် ဆေးပစ္စည်းအရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေး

Powered by Drupal

    ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်တွင် စားသုံးသူပြည်သူများ ကျန်မာရေးအထောက်အကူဆေးဝါးများ သက်သာစွာဝယ်ယူအသုံးပြုနိုင်ရေး ဆေးဝါးများ ဈေးနှုန်း တည်ငြိမ်မှုရှိစေရေး “ဈေးကွက်အတွင်း ဆေးဝါးများ ထပ်မံပြတ်လပ်နေ” ဟူသည့် သတင်းနှင့်စပ်လျဉ်း၍  တာဝန်ရှိသူများသည် ဆေးနှင့် ဆေးပစ္စည်းအရောင်းဆိုင်(၁၀)ဆိုင်အား ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ကြသည်။

   ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်အစားအသောက်နှင့်ဆေးဝါးကြီးကြပ်မှုကော်မတီအဖွဲ့၊ စားသုံးသူရေးရာဦးစီးဌာနမှ ပန်းတနော်မြို့နယ်မှ ဦးအောင်ကျော်သက် ပူးပေါင်းစစ်ဆေးရေးအဖွဲ့တို့သည်  ဆေးပြတ်လပ်မှုရှိ/မရှိနှင့်၊ ဆေးဝါးဈေးနှုန်း အခြေအနေများ၊ စံမမှီဆေးများရောင်းချမှု ရှိ/မရှိ၊ ဆေးရောင်းချမှု ဈေးကွက်အခြေအနေများကို စစ်ဆေးဆောင်ရွက်ခဲ့သည်။

    စစ်ဆေးဆောင်ရွက်ရာ ကုမ္ပဏီထုတ် ဆေးဝါးများ ဖြစ်သည့် ဆီချိုဆေး၊ နှလုံးဆေး၊ ပန်းနာရင်ကြပ်နှင့် ပတ်သက်သောရှုဆေးဗူးများ၊ သွေးကျဲဆေးများ ကုမ္ပဏီများမှ ဝယ်ယူရရှိမှု အနည်းငယ် ရက်စောင့်ဆိုင်းရပြီး မှာယူသော ဆေးဝါးများ အကန့်အသတ်ဖြင့်သာ ဝယ်ယူရရှိကြောင်း ယခင်ကထက် ဈေးနှုန်းအနည်းငယ်မြင့်တက်လာကြောင်း သိရသည်။  ဆိုင်ရှင်များအား ဆေးဝါးများပြတ်လပ်မှုကို မစိုးရိမ်ရန် ပုံမှန်ရောင်းချမှု အတိုင်းရောင်းချရန်၊ ဆေးဆိုင်များတွင် ဆေးများသိုလှောင်ထားရှိမှုမရှိကြောင်း တွေ့ရှိရပြီး သက်တမ်းလွန်ဆေးများ ရောင်းချမှုမရှိကြောင်း စစ်ဆေးတွေ့ရှိရပါသည်။

DOCA(ဧရာဝတီ)