“ကုလားပဲစိုက်ပျိုးမှုနှင့်စျေးနှုန်းစျေးကွက်အခြေအနေ”

Powered by Drupal

      မန္တလေးတိုင်း‌‌ဒေသကြီး၊ကျောက်ဆည်ခရိုင်အနေဖြင့် ကုလားပဲစိုက်ပျိုးမှုအား  ကျောက်ဆည်မြို့နယ်တွင်(၃၁၁၁၈)ဧက၊ စဉ့်ကိုင်မြို့နယ်တွင်(၁၅၀၁၂)ဧက၊ မြစ်သားမြို့နယ် တွင်(၃၁၅၅၆)ဧက၊ တံတားဦးမြို့နယ်တွင်(၁၁၆၀၁)ဧက ၊ စုစုပေါင်း(၈၉၂၈၇)ဧက စိုက်ပျိုးနိုင်ခဲ့ပြီး ယခုအချိန်တွင် ကုလားပဲများဖြိုင်ဖြိုင်ရိတ်သိမ်းနေပြီဖြစ်ရာ ကျောက်ဆည်မြို့နယ်တွင်(၃၁၁၁၈)ဧက၊ စဉ့်ကိုင်မြို့နယ် တွင်(၆၇၀၀)ဧက၊မြစ်သားမြို့နယ်တွင်(၂၀၆၅၆)ဧက၊တံတားဦးမြို့နယ်တွင်(၉၅၀၀)ဧက၊ စုစုပေါင်း (၆၇၉၇၄)ဧကရိတ်သိမ်းပြီးကြောင်း သက်ဆိုင်ရာဌာန၏ စာရင်းများအရသိရှိရပါသည်။ ယခုနှစ်တွင် ကုလားပဲစိုက်ဧက ပိုမိုစိုက်ပျိုးကြပြီး အထွက်နှုန်းမှာလည်း ယခင်နှစ်များထက်ပိုမိုထွက်ရှိကြောင်း၊ ကုလားပဲကိုမျိုးအနေဖြင့် (V2)မျိုးနှင့် ရိုးရိုးကုလား ပဲလုံးသေးမျိုးဟူ၍(၂)မျိုးရှိပြီး တောင်သူများ အများဆုံးစိုက်ပျိုးသည်မှာ (V2)ကုလားပဲမျိုးကိုသာ အများဆုံးစိုက်ပျိုးကြကြောင်း သိရှိရပါသည်။ (၁)ဧကလျှင်မျိုးစေ့(၂)တင်းနှုန်းခန့်ကုန်ကျပြီး တောင်သူအများစုမှာ ကုလားပဲမျိုးကို မျိုးချန်စနစ်ဖြင့် စိုက်ပျိုးကြပြီး အချို့တောင်သူများအနေဖြင့် စိုက်ပျိုးချိန်ရောက်မှ စျေးကွက်အတွင်းမှ ဝယ်ယူ၍ စိုက်ပျိုးကြကြောင်း၊ ယခုနှစ်တွင် ကုလားပဲမျိုးတစ်တင်းလျှင်(၄၂၅၀၀/-)ကျပ်စျေးနှုန်းဖြင့် ဝယ်ယူစိုက်ပျိုးရပါသည်။ နှစ်စဉ် ကုလားပဲကို အောက်တိုဘာလနှင့် နိုဝင်ဘာလများတွင် စတင်စိုက်ပျိုးပြီး ယခုအချိန်တွင်ကုလားပဲစိုက်ဧကများအား ဖြိုင်ဖြိုင်ရိတ်သိမ်းနေပြီဖြစ်ပါသည်။(၁)ဧကကုန်ကျစရိတ်အနေဖြင့်မျိုး၊သွင်းအားစု၊ ထွန်ယက်ခ၊လုပ်သားခ၊ စုစုပေါင်း(၂၀၀၀၀၀/-)ကျပ်ဝန်းကျင်  ခန့် ကုန်ကျပြီး အထွက်နှုန်းအနေဖြင့် (၁၂-၁၅)တင်းခန့်ထွက်ရှိကြောင်း ၊ စျေးနှုန်းအနေဖြင့် ယခင်နှစ်တွင် ကုလားပဲ (V2)တစ်တင်းလျှင်(၂၇၀၀၀/-)ကျပ် ၊ ကုလားပဲရိုးရိုး တစ်တင်းလျှင်(၂၄၀၀၀/-)ကျပ် စျေးနှုန်းရရှိခဲ့ပြီး ယခုနှစ်တွင်ကုလားပဲကို ဖေဖော်ဝါရီလစတုတ္ထပတ်မှ စတင်ရိတ်သိမ်းပြီးစျေးနှုန်း အနေဖြင့် ကုလားပဲ (V2)တစ်တင်းလျှင်(၃၇၀၀၀/-)ကျပ်၊ကုလားပဲရိုးရိုးတစ်တင်းလျှင်(၃၃၀၀၀/-) ကျပ်၊ မတ်လတတိယပတ်တွင် ကုလားပဲ(V2)တစ်တင်းလျှင်(၄၂၅၀၀/-)ကျပ် ၊ ကုလားပဲ ရိုးရိုး တစ်တင်းလျှင်(၃၅၀၀၀/-) ကျပ်စျေးနှုန်းများဖြင့် အရောင်းအဝယ်ဖြစ်နေပြီး (၁)ဧကအကျိုးအမြတ် အနေဖြင့်(၃၀၀၀၀၀/-)ကျပ် ခန့်ရရှိကြောင်း တောင်သူတစ်ဦး၏ ပြောပြချက်အရ သိရှိရပါသည်။