ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၊ အ.ထ.ကကျောင်းတွင် အသိညာပေးဆွေးနွေးခြင်း

Powered by Drupal

     ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၊ ၉.၉.၂၀၂၄ ရက်နေ့၊ နံနက် (၀၉:၀၀) နာရီအချိန်တွင် အ.ထ.က သော်ကခန်းမ၌ ကျောင်းအုပ်ဆရာ/ဆရာမကြီး (၂၃၅) ဦးအား မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ ဦးစီးမှူးဦးထွန်းမင်းလတ်က အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်း လုပ်ငန်းမှတ်ပုံတင်ခြင်းဆိုင်ရာအချက် များကို အသိပညာပေးဆွေးနွေးခြင်း ဆောင်ရွက်ခဲ့ပါသည်။

    ထိုသို့ အသိပညာပေးဟောပြောရာတွင် အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းများကို အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေလုပ်ငန်းအဖြစ်  အမိန့်ကြော်ငြာစာအမှတ် (၅၁/၂၀၂၃)ဖြင့် အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းမှတ်ပုံတင်ခြင်းဆိုင်ရာ အမိန့်ဟုခေါ်ဆိုကာ ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ (၂၁) ရက်နေ့ စတင်အာဏာသက်ဝင်ပြီး အခန်း(၈) ခန်းပါဝင်ကြောင်းနှင့် မှတ်ပုံတင် လျှောက်ထားရာတွင် www.ecomreg.gov.mm ကို ဝင်ရောက်လျှောက်ထားနိုင်ခြင်း၊ လျှောက်ထား ရာတွင် လိုအပ်သောအချက်များအား ဆွေးနွေးပြောကြားခဲ့ပါသည်။

DOCA(ဧရာဝတီ)