မြိတ်မြို့ ဆီကိုယ်စားလှယ်သို့ရောင်းချပေးသော စားအုန်းဆီများရောက်ရှိ

Powered by Drupal

    ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ(၉) ရက်နေ့၊ နံနက်(၁၀း၀၀)အချိန်တွင် တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့ ရှိ မြိတ်ဆီကိုယ်စားလှယ်သို့ ရောင်းချပေးသော စားအုန်းဆီ ၇၂ ပေပါ (သို့) ပိဿာ ၇၉၂၀ ကို 6L-9521 မော်တော်ယာဥ်ဖြင့်လည်းကောင်း၊ စားအုန်းဆီ ၅၄ ပေပါ (သို့) ပိဿာ ၅၉၄၀ ကို 6L-9513 မော်တော်ယာဥ်တို့ဖြင့်လည်းကောင်း ရန်ကုန်မြို့မှ မြိတ်မြို့သို့ ရောက်ရှိလာခဲ့ကြောင်း သိရှိရပါသည်။

    အဆိုပါစားအုန်းဆီများကို မြိတ်ခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ သွားရောက်စစ်ဆေးခဲ့ပြီး ရည်ညွှန်း‌စျေး၊ သယ်ယူပို့ဆောင်ကုန်ကျစရိတ်နှင့် ၂% အမြတ်တို့ဖြင့် လက်လီဆိုင်များသို့ ခွဲဝေရောင်းချပေးသွားမည်ဖြစ်ကြောင်း၊ လက်လီဆိုင်များမှ ပြည်သူများသို့ ပြန်လည် ရောင်းချမည်ဖြစ်ကြောင်း ဆီကိုယ်စားလှယ်ထံမှ သိရှိရပါသည်။

DOCA(တနင်္သာရီ)