![](http://www.doca.gov.mm/sites/default/files/styles/consumer_inner_image__847x424_/public/12.28_0.jpg?itok=AxHU13GH)
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင် ကော့မှူးမြို့နယ်အတွင်းရှိ ဆန်ဆိုင်များ ဆန်ရောင်းချနေမှုအခြေအနေအား စားသုံးသူရေးရာဦးစီးဌာန၊ ရုံးချုပ်၏ညွှန်ကြားချက်နှင့်အညီ စက်တင်ဘာလ (၆)ရက်နေ့၊ နေ့လယ်(၁၂:၀၀)နာရီအချိန်တွင် စည်ပင်သာယာမြို့မဈေးအတွင်း/အပြင်နှင့် ရပ်ကွက်များတွင် ဆန်ဖြန့်ဖြူးရောင်းချလျက်ရှိသော ဆန်ဆိုင်များသို့ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးနှင့်ဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့မှူးနှင့်တပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှတာဝန်ရှိသူများ၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံတို့ပူးပေါင်းအဖွဲ့သည် အမှတ်(၁၁၉)စည်ပင်လမ်း၊ ပြည်တော်သာရပ်ကွက်ရှိ ဦးထွန်းလွင်ဆန်ဆိုင်၊ စည်ပင်သာယာမြို့မဈေးရုံ(ဈ) အမှတ်(၁၉/၂၀)ရှိ မိဘရိပ်ဆန်ဆိုင်၊ အမှတ်(၁)ရှိ ဦးမြင့်ထူးဆန်ဆိုင်တို့တွင် ဖြန့်ဖြူးရောင်းချ လျက်ရှိသော ဆန်အမျိုးအစားအလိုက် ဈေးနှုန်းများအား ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် ညွှန်ကြားချက်ပါ ဆန်များအား သတ်မှတ်ရည်ညွှန်း ဈေးထက်ပိုမိုရောင်းချခြင်း ရှိ/မရှိနှင့် ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ထားမှုများရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
DOCA(ရန်ကုန်)