“ ကော့မှူးမြို့နယ်အတွင်းရှိ ဆေးဆိုင်များတွင် ဖြန့်ဖြူးရောင်းချလျက်ရှိသော ဆေးဝါးများပြတ်လပ်မှုအခြေအနေနှင့် ဈေးနှုန်းအခြေအနေ ကွင်းဆင်းစစ်ဆေးခြင်း ”

Powered by Drupal

     ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင် ကော့မှူးမြို့နယ်အတွင်းရှိ ဆေးဆိုင်များသို့ စားသုံးသူရေးရာဦးစီးဌာန၊ ရုံးချုပ်၏ညွှန်ကြားချက်အရ ဈေးကွက်များအတွင်း ဆေးဝါးများ ပြတ်လပ်မှုရှိ/မရှိနှင့် ဈေးနှုန်းမြှင့်တင်ရောင်းချမှု ရှိ/မရှိတို့အား စက်တင်ဘာလ(၆)ရက်နေ့၊ နံနက်(၀၉:၀၀)အချိန်တွင် စည်ပင်သာယာမြို့မဈေးအတွင်း/အပြင်နှင့် ရပ်ကွက်များရှိ ဆေးဆိုင်များသို့ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

     ထိုသို့ ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံတို့ မိတ်ဖက်ဌာနမှတာဝန်ရှိသူတို့ ပူးပေါင်း၍ စည်ပင်သာယာမြို့မဈေး ရုံ(ည) အမှတ်(၁/၂) မေခလာဆေးဆိုင်၊ ရုံ(ဈ) အမှတ်(၂/၃) အေးမင်းစိုး ဆေးဆိုင်နှင့် အမှတ်(၂၃၄)ဗိုလ်ချုပ်လမ်း၊ မြို့မရပ်ကွက်ရှိ အောင်သစ္စာဆေးဆိုင်တို့တွင် ဆေးဝါးများ ဈေးနှုန်းအခြေအနေ ယခင်လနှင့်ယခုလကွာဟချက်များ ဖြစ်ပေါ်နေမှုအခြေအနေနှင့် ဆေးဝါးဈေးနှုန်းများ မြှင့်တင်ရောင်းချမှု ရှိ/မရှိနှင့် ဆီးချို၊ သွေးချိုသမားများ နေ့စဉ်သောက်သုံးရသည့် သွေးထိန်းဆေးနှင့် ဆီးချိုထိန်းဆေးဝါးများ ဈေးကွက်အတွင်း ပြတ်လပ်နေမှုရှိ/မရှိတို့အား မြေပြင်ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် ဆေးဆိုင်ပိုင်ရှင်များက ဆေးဝါးဈေးနှုန်းများအနေဖြင့် ယခင်လနှင့် ယခုလဈေးနှုန်းသိသိသာသာကွာဟမှုမရှိကြောင်း၊ သွေးထိန်းဆေးနှင့် ဆီးချိုထိန်းဆေးဝါးများအား အလွယ်တကူရရှိပါကြောင်း ပြန်လည်ဖြေကြားခဲ့ပြီး တာဝန်ရှိသူများက ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ထားခြင်းများ မပြုလုပ်ကြရန် အသိပညာပေးဆွေးနွေးပြောကြားခဲ့ပြီး ဈေးကွက်အတွင်း ကွင်းဆင်းစစ်ဆေး ခဲ့ကြောင်း သိရသည်။

DOCA(ရန်ကုန်)