![](http://www.doca.gov.mm/sites/default/files/styles/consumer_inner_image__847x424_/public/12.32_0.jpg?itok=9bdtx1nW)
စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး၏ လမ်းညွှန်မှာကြားချက်အရ ပြည်တွင်းဆေးဝါးပြတ်လပ်မှုမရှိစေရေး အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူးဦးလှစိုး ဦးဆောင်၍ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန(ရန်ကုန်)၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန စသည့်ဌာနများ ပူးပေါင်း၍ ၉.၉.၂၀၂၄ ရက်နေ့၊ နေ့လယ်(၁၃:၃၀)နာရီတွင် အမှတ် (၉၂၃), ထူပါရုံ(၉)လမ်း၊ သာကေတမြို့နယ်ရှိ တက်နေဝန်းဆေးဆိုင်မှ ဆိုင်တာဝန်ခံနှင့် တွေ့ဆုံ၍ ဆေးဆိုင်အတွင်းရှိဆေးဝါးများနှင့် ပတ်သက်၍ စစ်ဆေးမေးမြန်းမှုများ ပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။
ထိုသို့စစ်ဆေးမေးမြန်းရာတွင် ဆေးဆိုင်တွင် ဆေးအမျိုးပေါင်း (၂၅၀) ကျော်ရှိပြီး သွေးကျဆေး၊ ရင်ကျပ်ပျောက်ဆေး၊ အပူလိမ်းဆေး၊ အကိုက်ခဲပျောက်ဆေး၊ လေဆေး၊ အစာအိမ်ဆေး၊ ဆီးချိုဆေး၊ သန္ဓေတားဆေး၊ အားဆေးများမှာ ရောင်းအားကောင်းသောဆေးများဖြစ်ပြီး YSI, Dr Reddy စသည့် ဆေးကုမ္ပဏီများမှ ဝယ်ယူရောင်းချ၍ ဝယ်ယူသည့်ဈေးနှုန်း၊ ပစ္စည်းပြတ်လပ်မှုရှိ/မရှိ၊ ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းထက် ဈေးနှုန်းမြှင့်တင်ရောင်းချမှုရှိ/ မရှိတို့ကို စစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(ရန်ကုန်)