
မှော်ဘီမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ (၉.၉.၂၀၂၄)ရက်နေ့၊ နေ့လယ်(၁၃:၀၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာနနှင့် ဌာနဆိုင်ရာများပူးပေါင်း၍ စားအုန်းဆီစာအုပ်စနစ်ဖြင့် ရောင်းချပေးနေသည့် အစည်းအဝေးကျင်းပခဲ့ပါသည်။
အဆိုပါ အစည်းအဝေးတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဆွေးနွေးပြောကြားရာတွင် မိမိတို့မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာများရှိ အိမ်ထောင်စုတစ်စု တစ်လလျှင် (၂)ပိဿာ (၅၀)ကျပ်သားနှုန်းဖြင့် ရောင်းချပေးနေပါကြောင်းနှင့် အိမ်ထောင်စုစာရင်းများ ချန်လှပ်ထားမှုမရှိစေရေး ဆောင်ရွက်သွားကြရန် ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။ ထို့နောက်ဌာနဆိုင်ရာများမှလည်း တစ်ဦးချင်းအလိုက် ပြန်လည်ဆွေးနွေးတင်ပြပြီး ဌာနဆိုင်ရာအသီးသီးမှ (၃၄) ဦးတက်ရောက်ခဲ့ပြီး အစည်းအဝေးကို ညနေ (၁၅:၃၀)နာရီအချိန်တွင် ရုပ်သိမ်းခဲ့ပါသည်။
DOCA(ရန်ကုန်)